သာစည်မြို့နယ်၊ဟံဇားကျေးရွာကြံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်အတွင်း မြို့နယ်များရှိ ကျေးရွာများတွင်  လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ သာစည်မြို့နယ်၊ ဟံဇားကျေးရွာ၌ စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့် ကြံကိုလည်းစိုက်ပျိုးလာကြကြောင်း သိရှိရပါ သည်။

  သာစည်မြို့နယ်တွင် ကြံစိုက်ဧက( ၂၄ )ဧကရှိပြီး ကြံသည် နုန်းမြေ၊သဲနှုန်းမြေ၊နုန်းမြေစေး အမျိုးအစားမှာ အထွက်နှုန်းနှင့်အပင်ကြီးထွားမှု အကောင်းဆုံးဖြစ်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် အနက် (၆-၁၂)လက်မတွင် မြောင်းအတွင်း၌အလျားလိုက်ချ၍ စိုက်ပျိုးရပြီး ကြံကို ဇန်နဝါရီလတွင်စိုက်ပျိုးပြီး တစ်နှစ်ခန့်အကြာတွင်ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ် သိန်း(၄၀) ခန့် ကုန်ကျကြောင်း၊  အထွက်နှုန်းမှာ ရေရ ရှိမှု ၊သွင်းအားစုထည့်သွင်းနိုင်မှု၊ မြေပေါ်မူတည်၍ စိုက်သားတစ်နှစ်လျှင် (၃၀)တန်မှ(၄၀)တန်ထိ ထွက်ရှိကြောင်း၊ လမိုင်းခင်း တစ်နှစ်လျှင်(၂၅) တန်မှ(၃၀) တန်နှင့် လမက်ခင်းတစ်နှစ်လျှင် တန်(၂၀) ခန့်ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် တပ်ကုန်းမြို့ရှိ သကြားစက်ရုံများသို့ တိုက်ရိုက်ရောင်းချကြ ကြောင်း၊ယခုနှစ်တွင် ကြံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းနှင့်ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များစွာရှိ ကြောင်း ကြံစိုက်တောင်သူတစ်ဦီးထံမှ သိရပါသည်။

DOCA(မန္တလေး)