
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ သစ်သီးရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ်အသီးတစ်မျိုးဖြစ်သည့် နာနတ်သီးများ စတင်ရောင်းချနေကြောင်း သိရသည်။ နာနတ်သီး သည် ချိုချဉ်အရသာရှိပြီး ကြိုက်နှစ်သက်သူများသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် နာနတ်သီးများကို မန္တလေးသစ်သီးပွဲရုံနှင့် မြစ်ကြီးနားသစ်သီးပွဲရုံများ မှမှာယူ၍ ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း မန္တလေးနာနတ်သီးတစ်လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်၊ ဇူလိုင်လ တတိယပတ်အတွင်း မြစ်ကြီးနားသီးတစ်လုံးလျှင် (၃၅၀၀မှ ၄၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ နာနတ်သီးကို လူကြီးလူငယ်မရွေး စားသုံးကြကြောင်း၊ ချဉ်ပေါင်းသည်များကလည်း ဝယ်ယူကြောင်း၊ သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)