
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ငှက်ပျောသီးနှင့် ပန်းသစ်တော်သီးများကို မန္တလေးမြို့ ရှိသစ်သီး ပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော် သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၁၅၀၀မှ ၄၀၀၀)ကျပ်၊ ဒေသထွက်ငှက်ပျော ဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀မှ ၄၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင်(၄၀၀၀မှ ၆၀၀၀)ကျပ်၊ သခွားမွှေး တစ်လုံးလျှင်(၃၅၀၀မှ ၅၀၀၀) ကျပ်နှင့် လိမ္မော်သီးတစ်ပိဿာလျှင် (၂၀၀၀၀မှ ၂၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)