စိတ်ကြိုက်မုန့်ဖိုမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၁၃ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး၌ စိတ်ကြိုက်မုန့်ဖိုမှ လာရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လိုအပ်သည့် အချက်အလက်များအား ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) ထံသို့ လာရောက်တွေ့ဆုံ မေးမြန်းခဲ့ ကြောင်း သိရှိရပါသည်။

      ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ မုန့်ထုတ်များပေါ်တွင် မြန်မာစာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိနိုင်ရန်နှင့် လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)