သရက်သီးများ လှိုင်လှိုင်ပေါ်သည့်ရာသီဖြစ်သည့်အတွက် မန္တလေးသစ်သီးဈေးကွက်သို့ ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား၊မတ္တရာ၊ပုသိမ်ကြီးနယ်များမှ စိန်တစ်လုံးသရက်သီးများ၊ ဟင်္သာ၊ ရင်ကွဲ၊ပတ္တမြားငမောက်သရက်သီးများနေ့စဉ်ဝင်ရောက်လျှက်ရှိပြီးအရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့တွင်းရှိ ဈေးများ၊ လမ်းဘေးသစ်သီး ဆိုင်များ၊ လက်တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသည့် ဈေးသည်များတွင် သရက်သီးအရွယ်အစားပေါ် မူတည်၍ စိန်တစ်လုံး သရက်သီး (၁)လုံးလျှင် ကျပ် ၃၀၀/၅၀၀/၇၀၀/၈၀၀ နှင့် အရွယ်အစားကြီးလျှင် (၁)လုံးလျှင် ကျပ် ၁၀၀၀/၁၂၀၀/- နှုန်းဖြင့်လည်းကောင်း၊ အလုံးရေ (၂၀)လုံးမှ (၃၀)လုံးခန့်ပါသော စိန်တစ်လုံး သရက်သီး (၁)ဖာလျှင် ကျပ် ၂၀၀၀၀/၃၀၀၀၀ ဖြင့်လည်းကောင်း၊ရင်ကွဲသရက်သီးတစ်လုံးလျှင် ကျပ် ၂၀၀/၃၀၀/-၊ဟင်္သာသရက်သီးတစ်လုံးလျှင် ကျပ် ၃၀၀/၄၀၀၊ပတ္တမြားငမောက်သရက်သီး တစ်လုံးလျှင် ကျပ် ၅၀၀/၇၀၀/- ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)