နှင်းဆီပန်းဈေးကွက်

Powered by Drupal

    မန္တလေးမြို့တွင်းသို့ စစ်ကိုင်းနှင့်မုံရွာနယ်ဘက်များမှ နှင်းဆီပန်းများ ဝင်ရောက်မှု သကဲ့သို့  ပြင်ဦးလွင်နှင့်ရှမ်းတောင်ရွာငံဘက်တို့မှ နှင်းဆီပန်းများဝင်ရောက်လျက်ရှိပါ သည်။နှင်းဆီပန်းများကို ပန်းအလှထိုးခြင်း၊ ဘုရားတင်ခြင်းနှင့်မွေးနေ့ပွဲများ တွေ့ဆုံပွဲ များနှင့် လုပ်ငန်းနှင့်ပတ်သက်သည့် အခမ်းအနားပွဲများတွင် နှင်းဆီပန်းများကို အလှပန်းအိုးများ မြိုင်မြိုင်ဆိုင်ဆိုင်ထိုးသည့်အတွက် ပန်းဈေးကွက်အတွင်းနှင်းဆီပန်း သည် ရောင်းဝယ်မှုအားကောင်းသည့် ပန်းဖြစ်ပါသည်။ဈေးနှုန်းဈေးကွက်အနေနှင့် စစ်ကိုင်းနှင့်မုံရွာဘက်မှ ဝင်ရောက်သည့် အနီနှင့်ကြက်သွေးရဲပန်း ၁၀ပွင့် ၁စည်းလျှင် ၂၀၀၀ ကျပ်၊ ပြင်ဦးလွင်နှင့်ရွာငံဘက်များမှ ဝင်ရောက်သည့် ရေမွှေးနှင်းဆီပန်း အဝါ၊ လိမ္မော်နှင့်အဖြူရောင်တို့မှာ ၁၀ပွင့် ၁စည်းလျှင် ၃၀၀၀ကျပ်မှ၃၅၀၀ကျပ်ထိ ရောင်းဝယ်မှု ရှိပြီး အရိုးရှည်ရှည်နှင့် နှင်းဆီပွင့်များကို ပိုက်အုပ်စွတ်၍ ထားသည့်အတွက် တာရှည်အထားခံပြီး ပွင့်အားကောင်းသည့် နှင်းဆီများရောင်းဝယ်မှု အားကောင်း ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)