ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော မုန့်ညှင်းရွက်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်း လူကြိုက် များပြီး အရောင်းအဝယ်သွက်သည့် မုန့်ညှင်းရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

    မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြု သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မေလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မ ဈေးတွင် မုန့်ညှင်းရွက်တစ်စီးလျှင်(၂၅၀)ကျပ်၊ (၄)စီးလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း မုန့်ညှင်းရွက် စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)