ကန့်ဘလူမြို့၌ ရောင်းချနေသော အညာဒေသထွက် မြေပဲယို ဈေးနှုန်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၄၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြေပဲယိုကို မြေပဲ၊ ထန်းလျက် စသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)