စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အခွန်လွတ်ဈေး၊ မြို့မဈေး၊ မင်္ဂလာဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင်(၈)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ စစ်ဆေးမှုတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန်အတွက် ပြည်သူများနစ်နာဆုံးရှုံးမှုဖြစ်မည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုကိုရှောင်ကျဉ်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်စုံမှန်ကန်စွာဖော်ပြထားသောကုန်စည်များကို ဦးစားပေးရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)