ပြည်မြို့တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

               ပြည်ခရိုင်၊ ပြည်မြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို ၂၀၂၆ ခုနှစ်၊ ကျောင်းများစတင်ဖွင့်လှစ်ခဲ့သည့် ဇွန်လမှစတင်၍ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးများ၊ ကျောင်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာ ပေး ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ (၂.၉.၂၀၂၆) ရက်နေ့ တွင် ပြည်ခရိုင်နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်မြို့၊ ပေါင်းတလည်မြို့အဝင် နှောကုန်းရွာ၌ တည်ရှိသော ပြည် နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်လာကြသော ပါမောက္ခဆရာ၊ ဆရာမကြီးများနှင့် နည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်တာဝန်ခံရုံးနှင့် ဒု-ဦးစီးမှူး ဒေါ်အေးမြတ်သီတာမှ ဌာန၏ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် စားသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်း ပေါ်ပေါက်လာပုံသမိုင်းကြောင်းအား စတင်မိတ်ဆက် အဖွင့်စကားဟောပြော၍ ဆက်လက်ကာ ပြည်ခရိုင် ဦးစီးဌာနရုံးမှ ဦးစီးမှူး ဒေါ်ဝင်းလဲ့ဝါမှ စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်လုပ်ကိုင်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၌ပါရှိသော စားသုံးသူများရရှိမည့် အခွင့်အရေး(၈) ချက်အားရှင်းလင်းဆွေးနွေး၍ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်ဆက်နွယ်၍ စားသုံးသူများဆုံးရှုံးထိခိုက်နစ်နာမှုများ ရှိလာပါက မိမိတို့ဌာနသို့ တိုင်ကြားလို့ရနိုင်မည့် နည်းလမ်းများ၊ တိုင်ကြားမှုများအား ဖြေရှင်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)