မကွေးမြို့၊ တောင်တွင်းလမ်းရှိ ဆယ်စုသစ်စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး (၁၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၆:၁၅) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး) နှင့်ဝန်ထမ်းများသည် မကွေးမြို့၊ တောင်တွင်းလမ်းပေါ်ရှိ ဆယ်စုသစ်စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ထားသော စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (၁၄-၈-၂၀၂၃)ရက်နေ့တွင်ရောင်းချနေသော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် (၂၅၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် (၂၅၈၀)ကျပ်၊ 92 (၁)လီတာလျှင် (၂၃၃၀)ကျပ်နှင့် 95 (၁)လီတာလျှင် (၂၄၄၅)ကျပ်တို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)