MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် "အောင်" စက်မှုလက်မှုလုပ်ငန်းအား ကွင်းဆင်းစိစစ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ (၂၈)လမ်းရှိ "အောင်" စက်မှုလက်မှုလုပ်ငန်းသို့  သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်မှုလက်မှုလုပ်ငန်းများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊ တွေ့ကြုံရသည့်အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပြီး "အောင်" စက်မှုလက်မှုလုပ်ငန်းကထုတ်လုပ်လျက်ရှိသော ခြွေလှေ့စက်၊ ရေတင် စက်၊ သမ္မာန်လှေ၊ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးနှင့် အနိမ့်တင်ရေပိုက်များ၊ ထုတ်လုပ်ဖြန့်ဖြူးမှု၊ ဈေးကွက်ဈေးနှုန်းအခြေအနေတို့ကိုဆွေးနွေးမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)