ဒေးဒရဲမြို့၊ လေးအိမ်ကုန်း အ-ထ-က (ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ( ၉ )ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဒေးဒရဲမြို့၊ လေးအိမ်ကုန်း အ-ထ-က( ခွဲ )ကျောင်း၌ ဆရာ/ဆရာမ( ၁၈ )ဦး၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး၊ စုစုပေါင်း(၂၆၈) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်လွင်ထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က လူငယ်နှင့်မူးယစ်ခေါင်းစဉ်များဖြင့် လူငယ်အသိပညာပေးများဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ‌စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်မှမိမိတို့ဌာန၏ စားသုံးသူများဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများ၊ ကုန်စည်များတွင်ဖော်ပြရမည့်  ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင်အရေးနှင့်တာဝန်များ၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ် လာပါက တိုင်ကြားနိုင်မှုအခြေအနေများနှင့် ရွေးချယ်စားသုံးသင့်သည့် အစားအစာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)