ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်ငါးလုပ်ငန်းအသင်းနှင့် ဂျပန်ကမာထုတ်လုပ်သူနှင့်ပြုပြင်ထုတ်လုပ်သူ ဖြစ်သည့် Kunihiro Inc သည် နှစ်နိုင်ငံကြားငါးလုပ်ငန်းကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် နားလည်မှုသဝဏ်လွှာကို ဧပြီလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ လက်မှတ်ရေးထိုးမှုကို ဂျပန်နိုင်ငံရှိ Kunihiro Inc ၏ ရုံးချုပ်တွင်ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် သဘောတူညီချက်လွယ်ကူချောမွေ့ စေရေးအတွက် အဓိက အခန်းကဏ္ဍ၌ပါဝင်ခဲ့ကြောင်း သိရပါသည်။ နားလည်မှု သဝဏ်လွှာအောက်တွင် နှစ်ဖက်စလုံး သည် ဂျပန်စံနှုန်းနှင့်ကိုက်ညီသော ဗီယက်နမ်ကမာများအတွက် တန်ဖိုးကွင်းဆက်တည်ထောင်ရ

ပြည်တွင်း၌ထုတ်လုပ်သော ကားများနှင့် ဆီထွက်ပစ္စည်းဝယ်လိုအားနည်းပါးခြင်းကြောင့် တောင်ကိုရီယား၏ ပို့ကုန်သည် ဧပြီလ၏ ၂၀ ရက်နေ့အတွင်း တစ်နှစ်ထက်တစ်နှစ် ၅.၂ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း ဧပြီလ၂၁ ရက်နေ့က အကောက်ခွန်ရုံမှ ဖော်ပြသောအချက် အလက် များအရသိရသည်။ Korea Custom Service ၏ အဆိုအရ အဆိုပါ ကာလအတွင်း ပြည်ပသို့ တင်ပို့မှုမှ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၃.၈၇ ဘီလီယံ ဖြစ်ကြောင်းသိရသည်။ ထိုကာလ အတွင်း ဆီမီကွန်ဒတ်တာ တင်ပို့မှုမှာ ၁၀.၇ ရာခိုင်နှုန်းသို့ ၆.၄၇ ဘီလီယံဒေါ်လာမြင့်တက်ခဲ့သော် လည်း မော်တော်ယာဥ်တင်ပို့မှုမှာ ၆.၅ ရာခိုင်နှုန်းမှ ၃.၆၇ ဘီလီယံသို့ကျဆင်းသွားသည်။ ရေနံထွက်ကုန်များတင်ပို့မှုမှာ ၂၂.၀ ရာခိုင်နှ

အင်ဒိုနီးရှားနှင့် ဒိန်းမတ်တို့သည် အစိမ်းရောင်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု နားလည်မှု သဝဏ်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ စွမ်းအင်နှင့်သယံဇာတအရင်းအမြစ်ဝန်ကြီး Bahlil Lahadalia က ထိုလက်မှတ်ရေးထိုးမှုသည် လွန်ခဲ့သည့်ဆယ်နှစ်ကပူးပေါင်းဆောင်ရွက်မှု ကိသက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးမသေချာမရေရာမှုများက နိုင်ငံများအား ၎င်းတို့၏ပူးပေါင်းဆောင်ရွက်ရန်မိတ်ဖက်များကို စဉ်းစားရွေးချယ်လာစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ရန် အကောင်အထည်ဖော်ထားသည့် ပဲရစ်သဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်ပြီးနောက် နိုင်ငံများသည်အာမခံချက

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမတည်ငြိမ်မှုများမြင့်တက်လာသောကြောင့် ကုမ္ပဏီများ ဆက်လက်ကြီးထွားရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းဆက်လက်တည်ရှိရန် စီးပွားရေးချိတ်ဆက်မှုများမှာ အလွန်အရေးပါကြောင်း ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် ၂၀၂၅ စီးပွားရေးဖိုရမ်တွင် ကျွမ်းကျင်သူ များကပြောကြားခဲ့ပါသည်။ ဗီယက်နမ်ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ကျင်းပပြုလုပ်ခဲ့သည့်ထိုဖိုရမ်တွင် ပါတီဗဟိုကော်မတီ၏ မူဝါဒနှင့် မဟာဗျူဟာကော်မရှင်မှ မူဝါဒနှင့် မဟာဗျူဟာလေ့လာရေးအသင်း၏ ညွှန်ကြားရေးမှူး Tran Thi Hong Minh က လျှင်မြန်ပြီး ရှုပ်ထွေးသောအပြောင်းအလဲများဖြစ်ပေါ်နေသည့် ကမ္ဘာပေါ်တွင် ချိတ်ဆက်မှုများ က
အမေရိကန်ထံမှ ပြင်းထန်သည့် အကောက်ခွန်များကြောင့် များစွာသော ဗီယက်နမ်လုပ်ငန်းများသည် တင်ပို့မှုကြီးထွားရန်နှင့် ဝင်ငွေရရှိမှု ဆက်လက်အားကောင်းရန်အတွက် ကမ္ဘာ့ဟာလာ ဈေးကွက်ကို ပစ်မှတ်ထားနေကြောင်း သိရပါသည်။ ကုန်သွယ်ရေးကျွမ်းကျင်သူများက ဟာလာ စီးပွားရေးသည် ကြီးမားသည့်စားသုံးသူအင်အားကြောင့် ကျယ်ပြန့်သည့်အလားအလာရှိနေပြီး ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံထိ တန်ကြေးရှိလာရန် ခန့်မှန်းရကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဟာလာအစားအစာဈေးကွက်အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် ဟာလာအစား အစာကဏ္ဍသည် အမေရိကန်ဒေါ်လာ ၂.၅၄၈ ထရီလီယံရှိပြီး နှစ်စဉ်ကြီးထွားနှုန်း ၉.၉ ရာခိုင်နှုန်းဖြင့် ၂၀၃၁ ခုန

ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien သည် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson L.Greer နှင့် နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေးတို့ အတွက် ဧပြီလ ၂၃ ရက်နေ့က ဖုန်းနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုဆွေးနွေးမှု ကို ဗီယက်နမ်အစိုးရ၏ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကဏ္ဍများမှ အဆင့် မြင့်အရာရှိများ တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ထိုပွဲတွင် အစိုးရညှိနှိုင်းရေးအဖွဲ့၏ ခေါင်းဆောင် Dien က အမေရိကန်နှင့်ဘက်ပေါင်းစုံမဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် တည်ထောင်မည့် ဗီယက် နမ်၏ အာမခံချက်ကို အသားပေးပြောကြားခဲ

စင်ကာပူနိုင်ငံသည် ပြီးခဲ့သည့်နှစ်အလားတူကာလကနှင့် တူညီစွာ ၂၀၂၅ ခုနှစ် သုံးလတာ ကာလအတွင်း ခရီးသွားဧည့်သည်အများဆုံးရရှိသော ထိပ်တန်းရင်းမြစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ ဧပြီ ၂၁ ရက်နေ့ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။ သုံးလတာကာလအတွင်း ခရီးသွားဧည့်သည်စျေးကွက်၏ ထိပ်တန်းသုံးနိုင်ငံမှာ တရုတ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ဖြစ်သည်။ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်လာရောက်မှုသည် ၈၃၁,၄၇၀ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်အပြင် ဇန်နဝါရီလ

အင်ဒိုနီးရှားနိုင်ငံသည်လွန်ခဲ့သောလေးလအတွင်း ပြည်တွင်း၌ ဆန်သိုလှောင်မှု မြင့်မားခဲ့သောကြောင့် လိုအပ်သောနိုင်ငံများသို့ ဆန်တင်ပို့မှုစတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က အင်ဒိုနီးရှားသမ္မတ Prabowo Subianto မှ ကြေညာခဲ့သည်။ မလေးရှားအပါအဝင် နိုင်ငံအများအပြားသည် အင်ဒိုနီးရှားမှ ဆန်တင်သွင်းရန်ကြိးပမ်းနေသည့် သတင်းများကိုတုံ့ပြန်သည့် အနေဖြင့် ထိုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တင်ပို့မည့်နေရာများကို မသတ်မှတ်ထားသော်လည်း ပြည်ပသို့တင်ပို့မည့်ဆန်များသည် စျေးနှုန်းအလွန်ကြီးမြင့်နေရန် မသင့်တော်ကြောင်း Prabowo က မှတ်ချက်ပြုခဲ့သည်။ လူသားချင်းစာနာထောက်

မွန်ဂိုလီးယားနိုင်ငံသည် ယခုနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၈.၅ သန်းတန် ဖိုးရှိ Cashmere (cashmere ဆိုသည်မှာ ဆိတ်တစ်မျိုး၏ အလွန်နူးညံ့သောအမွှေးတစ်မျိုးဖြစ်သည်) ၇၂.၃ တန် တင်ပို့ခဲ့ကြောင်း မွန်ဂိုလီးယားအကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဧပြီလ ၁၉ ရက် နေ့ကထုတ်ပြန်သောတရားဝင်အချက်အလက်များအရသိရသည်။ ထိုတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း အချက်အလက် များအရသိရသည်။ သမ္မတ Ukhnaa Khurelsukh မှ အစပြု၍ မွန်ဂိုလီးယားအစိုးရမှ အကောင် အထည်ဖော်သည့် “White Gold” ဟုခေါ်သော နိုင်ငံတော်ကမ်ပိန်းလှုပ်ရှားမှုအောက်တွင် စ

ဘီလာရုစ်ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ၂၀၂၅ ခုနှစ်ပထမ သုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၃.၁ ရာခိုင်နှုန်း တိုးလာကြောင်း နိုင်ငံ၏ စာရင်းအင်းကော်မတီ၏ ဧပြီလ ၁၇ ရက်နေ့က ပြသခဲ့သောအချက်အလက်များအရသိရသည်။
၂၀၂၅ ခုနှစ်ပထမသုံးလပတ်တွင် GDP ပမာဏသည် ၅၉.၄ ဘီလီယံ Belarusian ရူဘယ် (အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလီယံခန့်) ရှိကြောင်း စာရင်းအင်းကော်မတီမှပြောကြားခဲ့သည်။

ပြည်ပမှ ကုန်ပစ္စည်းတင်ပို့ရောင်းချမှု လျှော့ချရန်အတွက် ဂျုံစိုက်ပျိုးစမ်းသပ်မှုများတွင် အင်ဒိုနီးရှားနိုင်ငံသည် ဂျော်ဒန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ဟာ သမ္မတ Prabowo Subianto ဂျော်ဒန်နဲ့ တခြားနိုင်ငံတွေကို အလည်အပတ် ရောက်ရှိပြီးနောက် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Khaled Huneifat နှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့သည်။ "သမ္မတကြီးနဲ့အတူ
ဂျော်ဒန်နိုင်ငံ စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနသည် ၎င်း၏ အမျိုးသား ရေတင်သင်္ဘော စီမံကိန်းကို ငွေကြေးထောက်ပံ့ရန်အတွက် နယ်သာလန်အစိုးရထံမှ ယူရို ၃၁ သန်း ထောက်ပံ့ရန် ကြာသပတေးနေ့တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ "ဒီအဓိကစီမံကိန်းက ထိခိုက်လွယ်တဲ့အသိုင်းအဝိုင်းတွေအတွက် အပါအဝင် အနာဂတ်ရေပေးဝေမှု ကို သေချာစေပြီး ဂျော်ဒန်ရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာပါ။ နယ်သာလန် အနေနဲ့ ဒီမိတ်ဖက်အတွက် အပြည့်အဝကတိကဝတ်ပြုထားပါတယ်" ဟု ဂျော်ဒန်နိုင်ငံဆိုင်ရာ ဒတ်ခ်ျ သံအမတ် Harry Verweij က ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။ ထောက်ပံ့င
