
ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံ ကျော်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်ကျင် ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။
စက်တင်ဘာလ တစ်ခုတည်းတွင် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁.၂၉ ဘီလီယံ နီးပါးအထိ ရောက်ရှိခဲ့ပြီး အမြင့်ဆုံးလစဉ်တင်ပို့မှု ကိန်းဂဏန်းအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။ သြဂုတတ်လနှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။
ဖွံ့ဖြိုးမှုကို ရေရှည်တည်တံ့စေရန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု၏ အဓိက ဈေးကွက်ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂနှင့် တရုတ် ကဲ့သို့သော ဗီယက်နမ်နှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများနှင့် ခိုင်မာအောင် ဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။ ဗီယက်နမ်ထုတ်ကုန်များကို ပိုမိုစွမ်းဆောင်ရည်မြင့်ပြီး ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင် စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ရန် တိုက်တွန်းထား ကြောင်းသိရှိရပါသည်။Source : Vietnam Plus
DOCA (ရန်ကုန်)