ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Jan 2025

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

08 Jan 2025

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

08 Jan 2025

             ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည် ၈၅၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၅၅၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက် ကုန်ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၈၀၀၀ ကျပ် ၊ (ရှမ်းစ)တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငရုပ်ခြောက်(ရှည်) တစ်ပိဿာ ၁၉၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၅၀၀ ကျပ် အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ မန်ကျည်းသ

08 Jan 2025

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်  မိုးသီးနှံ ဒေသထွက်ကုန်တစ်မျိုးဖြစ်သော မုန်လာဥနီကို မြေလွတ်မြေရိုင်း ဥယာဉ်ခြံများ၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ယခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ထွက်ရှိသော မုန်လာဥနီသည် ကျိုင်းတုံမြို့မဈေးကြီးသို့ တစ်ရက်လျှင် မုန်လာဥနီ အလုံးအရေအတွက် (၂၀၀၀ မှ ၂၅၀၀) ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျိုင်းတုံမြို့မဈေး၌ ကုန်စိမ်းရောင်းချလုပ်ကိုင်သူထံမှ သိရပါသည်။

07 Jan 2025

           ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့ရှိ ပြောင်းပွဲရုံများတွင် ယခုလအတွင်း ရောင်းချနေမှုကို ကွင်းဆင်းမေးမြန်းရာတွင် ဒေသခံတောင်သူများအနေဖြင့် ပြောင်းပေါက်ဈေးနှုန်းအား စောင့်ကြည့်နေပြီး၊ အချို့ခြံရှင်များအနေဖြင့် ခူးဆွတ်ခြင်းမရှိသေးကြောင်းတွေ့ရှိရပါသည်။ လက်ရှိအနေဖြင့် ပြောင်းအနည်းငယ်သာခူးဆွတ်နေပြီး၊ နမ့်စန်မြို့ရှိ‌ပြောင်းပွဲရုံများသို့ ရောင်းချကြောင်း၊ ပြောင်းကုန်စီးဆင်းမှုအနေဖြင့် နမ့်စန်မှတောင်ကြီးသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ လက်ရှိနမ

Pages