ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ဖြစ်ပါသည်။ ထိုမြို့နယ်များထဲတွင် ပြည်မြို့နယ်သည် စီးပွားရေး၊ လူမှုရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပြီး ရထားလမ်း၊ ကားလမ်းဆုံရာမြို့ဖြစ်ပါသည်။ သီးနှံများ ရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရန် ပြည်ကုန်စည်ဒိုင်ကိုလည်း ဖွင့်လှစ်ရောင်းချလျက်ရှိသလို ဈေးများအနေဖြင့် ပြည်မြို့မစည်ပင်သာယာဈေးကြီး အပြင် ဈေးများ (၈)ဈေးဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိကြပါသည်။ ထိုအပြင် ပဲခူးတိုင

"အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့ ငါးတွင်လည်း "မယားမှာဆံတောက်၊ ငါးမှာငါးသလောက်" ဟူ၍ စာချိုးရှိကြပါသည်။ ငါးသလောက်ငါးမှာ ရေပေါ် ရေလွှာနေငါးများဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ် အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်ဖွားလေ့ရှိပါသည်။ မိုးတွင်းအခါ၌ ဥ ဥရန် ပင်လယ်မှ မြစ်ထဲသို့ဆန်တက် လာလေ့ရှိသည်။ ဥပြီး ငါးသလောက်သည် ကြုံလှီသွားကာ အရသာ ပျက်သွားတ

လူတို့တွင်အရေးကြီးဆုံးသောနေထိုင်မှု ဘဝလိုအပ်ချက်(၃)ခုရှိပါသည်။ ၎င်းတို့မှာ စား၊ဝတ်၊နေရေးဖြစ်ပြီးရှင်သန်နေထိုင်ရန်အတွက်အစားအစာများစားသောက်ရန်လိုအပ်ပါသည်။ လူတန်းစားမရွေးဝယ်ယူစားသုံးနေသည့် အစားအသောက်များထဲတွင် ကြက်ဥသည် အိမ်တိုင်း အတွက်မရှိမဖြစ်နီးပါး အသုံးဝင်နေရာယူလျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်းကို မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် စိုက်ပျိုးပြီး မြင်းခြံမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြသည်။ ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အစေ့ထုတ်ပြောင်း(မိုး+ဆောင်း)စိုက်ပျိုးမှု အနေဖြင့် (၃၉၁၄၀)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း(၅၈.၃၇)တင်း ထွက်ရှိခဲ့ကြောင်း အပေါ် အစေ့ထုတ်ပြောင်း(မိုး) (၁၈၀၈၆)ဧက စိုက်ပျိုးခဲ့ရာ (၁၃၃၃၁)ဧက ရိတ်သိမ်းပြီးဖြစ်၍ စိုက်ပျိုးဆဲဖြစ်ကြောင်