
ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၃၄၅-၇၅၄၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၆၀၀၀- ၁၇၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၅၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၇၀၀၀ - ၈၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၂၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကာလတူ နှိုင်းယှဉ်ပါက ယခုလတွင် စားအုန်းဆီနှင့် ကြက်သား၊ ဝက်သား၊ ဆိတ်သားဈေးများမှာ ဈေးနှုန်း မြင့်တက်ခဲ့ပြီး ပဲဆီသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှာ ဈေးနှုန်းများကျဆင်း ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)