ကုန်သွယ်မှုသတင်းများ
ပြည်မြို့နယ်တွင် ငရုတ်ပင်ကို နေရာအနှံအပြားတွင်စိုက်ပျိုးကြသလို တစ်နှစ်ပတ်လုံးလည်း ထွက်ရှိပါသည်။ နေရာဒေသကိုလိုက်၍ ငရုတ်သီးထွက်ပေါ်ချိန်နှင့် အထွက်နှုန်းသာကွာခြားပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်စိုကိုဦးစားပေး၍ စိုက်ပျိုးကြသဖြင့် မိုးငရုတ်သီးစိမ်းစိုက်ဧကမှာ (၆၇၅) ဧကရှိပြီး အထွက်းနှုန်းမှာ ပျမ်းမျှ ပိဿာ ၁၃၀၀ကျော်ထွက်ရှိကြောင်း သိရပါသည်။ ယခုအချိန်တွင် ဆောင်းငရုတ်စိုများစိုက်ပျိုးလျှက်ရှိပြီး စိုက်ဧကမှာ (၁၀၃)ဧကရှိစိုက်ပျိုးထားကြောင်း သိရှိရပါ သည်။ ငရုတ်စိုကို စိုက်ပျိုးပြ

အစီရင်ခံစာအမှတ် - ၁/၂၀၂၅
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်း တန်ချိန် ၅ သိန်း ကမ္ဘောဒီးယား တိုးမြှင့်ရရှိ
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီးဆန်တင်ပို့မှုကို တန်ချိန် ၄ သိန်း ခွဲတမ်းရရှိခဲ့ရာမှ သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ၂၅ ရာခိုင်နှုန်းမြှင့်တင် လျက် ဆန်တန်ချိန် ၅ သိန်းအထိ တင်ပို့ခွင့်ရရှိခဲ့ကြောင်း ခမာတိုင်းမ် သတင်းဌာနက ဖော်ပြပါ သည်။
ချင်းထွက်ရှိရာ ရှမ်းပြည်နယ်၊ အောင်ပန်းချင်းများ ပြည်ဈေးကွက်အတွင်းသို့ ဒီဇင်ဘာဒုတိယပတ်မှစ၍ အဝင်များလာတာတွေ့ရပါတယ်။ ပြည်ဈေးကွက်မှ နတ္တလင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ဝက်ထီးကန်၊ ပေါက်ခေါင်းမြို့များမှ ဝယ်ယူမှုများလာတာ တွေ့ရပါသည်။ အဝယ်များပေမဲ့ ဈေးနှုန်းတက်မသွားပဲ ဈေးနှုန်းတည်ငြိမ်နေတာ တွေ့ရပါတယ်။ ယခင်နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ချင်းဈေးမှာ တစ်ပိဿာလျှင် ပွဲရုံဈေး ၄၀၀၀-၆၅၀၀ကျပ် ဈေးဖြစ်ပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ချင်းဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ကျပ်တို့ဖြင့် ရောင်းခ

ပြည်ခရိုင်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ တတိယပတ်တွင် ပဲတီစိမ်းနှင့် ဘိုကိတ်ပဲအသစ်များ ပန်းတောင်း၊ ကံမဘက်မှ ဝင်ရောက်လာပြီး ဘိုကိတ်အဝင် တစ်ရက်ကိုအိတ် (၂၀၀-၃၀၀)ခန့်အဝင်ရှိပါသည်။ ဘိုကိတ်ပဲသစ်တစ်တင်းကို ၉၀၀၀၀ကျပ် ဈေးဖြင့်ဈေးစဖွင့်ခဲ့ပါသည်။ ဘိုကိတ်ပဲသီးနှံကို မြို့တွင်းအဝယ်နှင့် ရန်ကုန်တစ်ရက်ကို အိတ်(၁၀၀-၂၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဒီဇင်ဘာလဒုတိယပတ်တွင် ပဲတီစိမ်းအသစ်များမှလည်း ပန်းတောင်း၊ ကံမဘက်မှ အဝင်ရှိပြီး ပဲတစ်တင်းကို ၉၇၀၀၀-၉၈၀၀၀ကျပ် ဈေးဖြ

ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေခြင်းသထိစပ်လျက်ရှိသည့် ရေဦးခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၆၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/ (၄၄၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အ
