ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Jan 2025

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူခရိုင်တွင် ရောင်းချ နေသည့် ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်း ဝယ်ယူ၍ ကွမ်းသီးမှ ကွမ်းသီးစိတ်များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

07 Jan 2025

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

07 Jan 2025

           ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်းဒေသစုံမှ စိုက်ပျိုးထုတ်လုပ်သော ချင်းသီးနှံမှာ ယခင်နှစ်ကာလတူ နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်းနေပြီး ချင်းဥမ တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ချင်းအခက်ကြီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀-၃၂၀၀)ကျပ်ဖြင့် လက်ရှိဈေးပေါက်နေသော်လည်း အရောင်းအဝယ်အေးလျက်ရှိပြီး ပြည်တွင်းသုံးအနေဖြင့်သာ ဝယ်ယူလျက်ရှိပါသည်။ ချင်းခြောက်ဈေးမှာယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကောင်းလျက်ရှိပြီ

07 Jan 2025

              ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၅၀၀)ကျပ်ဖြင့် သာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ပြောင်းဆံများအထွက်ကောင်း၍ ဝယ်လိုအားများသဖြင့် စီးဆင်းမှုမှာကောင်းနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံး ဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

07 Jan 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကုန်စည်ဒိုင်တွင် (၁၇.၁၂.၂၀၂၄)ရက်နေ့တွင်  ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၁၀၀၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၁၁၈၅၀၀၊ မတ်ပဲ တစ်တင်းကျပ် ၁၁၀၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၉၆၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၉၅၅၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၉၆၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၉၆၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

Pages