
မြင်းခြံခရိုင်သည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲ နှင့်မိုးမြေ ပဲဟူ၍ နှစ်ရာသီစိုကပျိုး လျက်ရှိကြောင်း သိရှိရသည်။ မိုးမြေပဲသီးနှံကို မေလမှ ဇွန်လအထိ စိုက်ပျိုးပြီး စက်တင် ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်း ထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန် မှ ရိတ်သိမ်းချိန်အထိ (၄)လကြာမြင့်ကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ခုနှစ်၊ မြင်းခြံခရိုင်ချုပ်အနေဖြင့် မိုးမြေပဲစိုက်ဧကပေါင်း (၂၅၃၀၀)ဧက စိုက်ပျိုး ထားကြောင်း၊ မြင်းခြံမြို့နယ်တွင် မိုးမြေပဲစိုက်ဧက(၂၅၀)စိုက်ပျိုးထားကြောင်း၊ တောင်သာမြို့ နယ်တွင် စိုက်ဧက(၁၀၀၆၈)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၁၄၉၈၂)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ ပင်ပြန့်မျိုးကိုသာ စိုက်ပျိုးထားကြပြီး အတန်းလိုက် စနစ်ဖြင့် တစ်ဧကလျှင် မြေပဲမျိုးစေ့ တစ်တင်းခွဲနှုန်း စိုက်ပျိုးထားရှိကြောင်း၊ ပင်ခြားတန်း ခြားအနေဖြင့် (၆)လက်မ၊(၈)လက်မခြား စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးမြေပဲကိုယခင်နှစ် ကထက်(၇၅)ဧက ပိုမိုစိုက်ပျိုးထားရှိကြောင်းနှင့် မိုးကိုမျှော်ပြီးစိုက်ပျိုးရသောသီးနှံဖြစ်၍ ယခု နှစ်ရာသီဥတုအခြေအနေအရ ယခင်နှစ်ကထက် အထွက်နှုန်းပိုမိုကောင်းမွန်မည်ဟု သုံးသပ်မိပါ ကြောင်း မိုးမြေပဲစိုက် တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မြေပဲ S1 လုံးဆံတစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ဆီဆံတစ် ပိဿာ လျှင်(၆၇၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ပေါက်ဈေး များရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုစက်တင်ဘာလတွင် ယခင်လထက် မြေပဲလုံးဆံ၊ မြေပဲဆီဆံနှင့် ပဲဆီသန့်ဈေးနှုန်းများကျ ဆင်းခဲ့ကြောင်း မြင်းခြံကုန်စည်ဒိုင် မှ တာဝန်ရှိ သူ၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)