သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Feb 2025

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁၈.၂.၂၀၂၅ ရက်နေ့ မှ ၂၄.၂.၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်း ဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်းများအား အကောက်ခွန် ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး

25 Feb 2025

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၁.၂.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊လက္ကား ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်း ဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

25 Feb 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၂:၂၅)အချိန်တွင် လှိုင်သာယာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးလင်းလင်းဦး ပူးပေါင်းပါဝင်၍ Top သီဟိုဠ်စေ့လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်မှု၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာ ခဲ့ပါသည်။

25 Feb 2025

၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၄:၁၅)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၃၉၉/၄၀၀)မြတောင်ဝန်ဦးမှိုလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Tissue စက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချ မှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

Pages