
ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ပန်းခင်းစီမံချက်၌ လှည်းဆိပ်ကျေးရွာရှိ ပြည်သူ(၂၅)ဦးအား မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်း မှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေး(၈) ချက်အကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ကုန်စည်များကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော ကုန်စည်ကို ဝယ်ယူသုံးစွဲသင့်ကြောင်း၊ မြန်မာဘာသာ ဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖြစ်စေဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုသာ ရွေးချယ် ဝယ်ယူ သုံးစွဲကြရန်လိုအပ်ကြောင်း၊ အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
