သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်( ၂၀.၂.၂၀၂၅ )ရက်နေ့ ၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိစားအုန်းဆီ ရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

24 Feb 2025

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက် နေ့တွင်ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက် ပြည်တော်သာလမ်းရှိ ဦးမြင့်ဆန်း စက်မှု၊လက်မှု (စတီး၊ သံပန်း၊ သံတံခါး)လုပ်ငန်းကို ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းတွေ့ဆုံခဲ့ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

24 Feb 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် မိတ်ဘက်ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ဖျာပုံမြို့နယ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

24 Feb 2025

           ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ကျိုက်လတ်မြို့ပေါ်ရှိ စားသုံးဆီကိုယ်စားလှယ်ဆိုင်များအား ရှောင်တခင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

24 Feb 2025

             ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ လှည်းဆိပ်ကျေးရွာရှိ “၉၉၉” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစိစစ်ခဲ့ပါသည်။

Pages