လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အရာထမ်း၊ အမှုထမ်းများမှ (Virtual)စနစ်ဖြင့်တက်ရောက်ခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ရက်နေ့၊  မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံးအမှတ်(၅၂) ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ကျင်းပပြုလုပ်သည့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် အရာထမ်း ၊အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့ သည်Virtual စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အခမ်းအနားတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေဇင်ယု ကအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာအကြောင်း ဆွေးနွေး ရာတွင်မှတ်ပုံတင်မရှိဘဲ ရောင်းချပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေး ယူခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့်မှတ်ပုံတင်ရမည့် Link (https://www.ecomreg.gov.mm)တွင် ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်းနှင့် ဝင်ရောက် လေ့လာနိုင်ပါကြောင်း ၊eComReg Systemတွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ ပြင်ဆင်ခြင်းနှင့်သက်တမ်းတိုးခြင်းကိစ္စရပ်များအား ဌာနမှခွင့်ပြုပြီးနောက် စနစ်တွင်(၁၄)ရက်အတွင်း ငွေပေးသွင်း၍ မှတ်ပုံတင်လက်မှတ်ထုတ်ယူရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လျှောက်ထားတင်ပြသည့် အချက်အလက်မပြည့်စုံ၍ ဌာနမှ Turndownချပြီး (၃၀)ရက်အတွင်း ပြန်လည်တင်ပြဆောင် ရွက်ရမည်ဖြစ်ပါကြောင်း ၊အဆိုပါသတ်မှတ်ရက်အတွင်း ဆောင်ရွက်ခြင်းမရှိပါက စနစ်မှ အလိုအ လျောက်ပယ်ဖျက်ပြီး (Auto Cancel) ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ ဒါကြောင်း eComReg System တွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသူ များအနေဖြင့် သတ်မှတ်ရက်များအတွင်း သတိပြုဆောင်ရွက်ကြရန်နှင့် စနစ်မှ အလိုအလျောက် ပယ်ဖျက်ခြင်း (Auto Cancel) အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့မှစ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် Registration ပြုလုပ်ရာ၌ ရွေးချယ်ရမည့် ကုန်စည်အမျိုးအစား(Goods) (၂၂)မျိုးအကြောင်း၊ Registration ပြုလုပ်ရာ၌ ရွေးချယ်ရမည့် ဝန်ဆောင်မှုအမျိုးအစား (Services)(၁၄)မျိုး အကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများမှတ်ပုံတင်လျှောက်ထားနည်းများအကြောင်း၊ Registration သက်တမ်းတိုးကိစ္စရပ်များစုံစမ်းရန် အတွက် ၀၆၇၄၀၈၄၆၉ သို့လည်းကောင်း၊ မြေပြင်စစ်ဆေး မှုကိစ္စရပ်များစုံစမ်းရန် 067430218 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းတို့အား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး တိုင်း/ခရိုင်းများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြား ရှင်းပြခဲ့ပါကြောင်း၊ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုပြည့်မင်းဦးက ဆက်လက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စားသုံးသူကာကွယ်ရေး ဥပဒေစတင်အာဏာတည်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့ ကုန်အညွှန်းအမှတ်အသား ပြဋ္ဌာန်းချက်များ စတင်အာဏာတည်ကြောင်း၊ မြန်မာဘာသာ ဖြင့် ဖော်ပြရမည့်အချက်(၇)ချက် (က) ကုန်ပစ္စည်းအမျိုးအမည်(ခ)အရွယ်အစားအရေအတွက်နှင့်အသားတင်ပမာဏ (ဂ)ထားသိုသိမ်းဆည်း မှုအညွှန်း (ဃ) သုံးစွဲပုံနည်းလမ်း (င) ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး (စ) ကြိုတင်သတိပေး ချက် (ဆ)ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့်တို့အား မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြ ပေးရန်၊ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စားလုံးအရွယ် အစား ဖြစ်ရမည်အကြောင်း၊ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် ကုန်စည်အမျိုးအစားနှင့် အရွယ်အစားပေါ် အခြေခံ၍ ဖော်ပြရန်လိုအပ်သည့် အချက်အလက်များကို စားသုံးသူသို့ လက်လီရောင်းချမည့် ကုန်စည်၏ ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန်အကြောင်း၊ ကုန်ပစ္စည်းပေါ်တွင် အချက်အလက်များ ဖော်ပြရန် မဖြစ်နိုင်ပါ က ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူသို့ တပါတည်းပေးအပ်ရန်အကြောင်း၊ ပြည်ပမှ တင်သွင်း ဖြန့်ဖြူးသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့်ကိုက်ညီစေ‌ရေးအတွက် ဈေးကွက်ဖြန့်ဖြူး ခြင်းမပြုမီ ပြုပြင်ရန်။ (ထပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်း)တို့အကြောင်း၊ သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ကွပ်ကဲသည့် ကုန်ပစ္စည်းများအတွက် ၎င်းဌာနများ၏ ညွှန်ကြားချက် အတိုင်း လိုက်နာရန်နှင့် ၎င်းညွှန်ကြးချက်နှင့်အညီ ဤအမိန့်ကြော်ငြာစာပါဖော်ပြရန် အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြရန်အကြောင်း ၊ထို့အပြင်ကုန်အညွှန်းအမှတ်အသား၏ အရေးပါမှုအကြောင်း၊ စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အကြောင်းများ၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကျခံနိုင်ပါကြောင်းနှင့် ပုဒ်မ ၇၉ အရ ရဲအရေး ယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ကြောင်းစသည်တို့ အားအကျယ်တဝင့် ဆွေးနွေးပြော ကြားခဲ့ပြီးတိုင်း/ ခရိုင်းများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြား ရှင်းပြခဲ့ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် အချိန်ပေးတက်ရောက်ခဲ့ကြသောဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသန်တန်းအား မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီမြောက်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)