သတင်းနှင့် လှုပ်ရှားမှုများ
ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၁၂၀၀)၊အိတ်ရေ(၂၄၀၀၀) အား MV ဇဗ္ဗူအောင် စက်လှေဖြင့် (၂၃.၂.၂၀၂၅) ရက်နေ့တွင်ကော့သောင်းမြို့သို့ရောက်ရှိလာကြောင်းသိရှိရပါသည်။

ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် ၂၀.၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်တာဝန်ခံသည် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MYRO မှတ်ပုံတင်ရန် ကျန်ရှိသောဆန်စက်များအား အမြန်ဆုံးမှတ်ပုံတင်ဆောင်ရွက်ရန်နှင့် MRF မှ သတ်မှတ်ပေးထားသော ဆန်သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့် ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုတွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ စာသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၁၉.၂.၂၀၂၅ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဒါးကဈေးအတွင်းရှိ ဆေးဆိုင်များဖြစ်သော ကိုအောင်သူ (၁) နှင့် (၂) ၊ ဦးလှရှိန်၊ ကိုသန့်ဇင်၊ သစ္စာ၊ ဆုထူးအောင်၊ သင်းပြည့်အောင်နှင့် ခရေနီ ဆေးဆိုင်များတွင် ရောင်းချသည့် ဆေးဆိုင်များတွင် FDA ထောက်ခံချက်ပါရှိသော ဆေးဝါးကိုသာ ရောင်းချခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများအား FDAမှ ပြန်လည်သိမ်းဆည်းခြင်းများပြုလုပ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ မြို့သစ်ဈေးအတွင်း (၂၁.၂.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ကြက်သွေးနှင့် ပဲပြားများတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ၌ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင် (၇)ဆိုင် သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး စားသုံးသူ ပြည်သူများအား သတ်မှတ်ထုတ်ပြန်ထားသည
