သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်( ၀၈:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ အလက-ဒေါတမ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သည့်ဒေသဖြစ်သည့်အတွက် လိုအပ်သောဆန်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မှာယူတင်သွင်းလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် မြိတ်မြို့သို့ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်း မြို့နယ်မှ သယ်ဆောင်လာသော ဆန်တန် ၈၀၀၊ အိတ်ရေ ၁၆၀၀၀ တို့သည် MV ဓနရွှေလမင်းရေယာဉ်နှင့် Mv ရွှေလမင်း(၅)ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ကို စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သ

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၄ ) ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မုန့်မျိုးစုံ ရောင်းချနေသော အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ဗဟိုစာရင်း အင်းအဖွဲ့ စသောသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသင့်စားမုန့်အမျိုးမျိုး၌ ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိစေရေးအတွက် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ စားသောက်ကုန်မျိုးစုံ ရောင်းချနေသောအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (၅:၀၀) အချိန်တွင် ကော့သောင်းမြို့နယ် ခရိုင်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ ကော့သောင်းမြို့နယ် စားသုံးဆီ လက် လီ အရောင်းဆိုင်များနှင့် တွေ့ဆုံခဲ့ ကြောင်းသိရှိရပါသည်။
