သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Aug 2023

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၅-၈-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေးနှင့် ကန်သာယာရပ်ကွက်ရှိ နီလာဈေးတို့၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

18 Aug 2023

   မွန်ပြည်နယ်၊ ဆန်ကုန်သည်များအသင်းသည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

18 Aug 2023

  မွန်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့၊ ရှမ်းဈေးနှင့် ဗိုလ်ချုပ်လမ်းတို့၌ရောင်းချနေသော ဆိုင်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

18 Aug 2023

   ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်မှု၌ နိုင်ငံတော်ကချမှတ်ထားသည့် စစ်ကြောင်း (၅) ကြောင်းကို ပုံသဏ္ဍာန်ဖော်၍ ဟောပြောပွဲကို (၁၅-၈-၂၀၂၃) ရက်နေ့၊ နံနက်  (၀၈:၀၀) နာရီအချိန်တွင် ကင်းမော်ရွာ၊ မူလတန်းကျောင်း၌ သံတွဲမြို့စစ်ကြောင်း(၅)မှ တာဝန်ရှိသူများသည် ကျေးရွာနေပြည်သူများအား အသိပညာများပေးခဲ့ကြပါသည်။

18 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်  တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊  နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်    ထောင်မှူးချောင်ကျေးရွာရှိ agristar ဆန်စက်သို့သွားရောက်၍ စက်ရုံမန်နေဂျာ ဒေါ်ဇင်ဇင်ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages