သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ (၂၈)လမ်းရှိ "အောင်" စက်မှုလက်မှုလုပ်ငန်းသို့  သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

18 Aug 2023

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ( ၉ )ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဒေးဒရဲမြို့၊ လေးအိမ်ကုန်း အ-ထ-က( ခွဲ )ကျောင်း၌ ဆရာ/ဆရာမ( ၁၈ )ဦး၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး၊ စုစုပေါင်း(၂၆၈) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ကြပါသည်။

18 Aug 2023

   ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် (၁၅-၈-၂၀၂၃) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဌာနဆိုင်ရာ နှင့်အသင်းအဖွဲ့များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများပေးခဲ့ပါသည်။

18 Aug 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်ခရိုင်ရုံးဝန်ထမ်းများ၊ ‌ရွှေဘိုမြို့နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၄-၈-၂၀၂၃)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်၊

18 Aug 2023

    စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Pages