သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Aug 2023

     စာသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်

18 Aug 2023

  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

18 Aug 2023

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်များကိုလျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ (၁၄-၈-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကျွတ်ကျွတ်အိတ်များမသုံးစွဲရေးနှင့် စားသောက်ကုန်နှင့်မုန့်မျိုးစုံရောင်းချနေသောဆိုင်များတွင် ဌာန၏  ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိတို့ကို  ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

18 Aug 2023

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာကြန့်စံပြကျေးရွာ၊ နှစ်ခြင်းခရစ်ယာန်ဘုရာရှစ်ခိုးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခန်းအနားတွင် ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။

18 Aug 2023

  (၁၄-၈-၂၀၂၃) ရက်နေ့တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် သထုံမြို့နယ်၊ အ-ထ-က (၁) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

Pages