သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိများ ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ် ပြည်သူ့ကျန်းမာရေး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှု့ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၆-၇-၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စဉ

14 Aug 2023

     ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

14 Aug 2023

     သတင်းရေးသားပါဝင်မှုပိုမိုမြင့်မားလာစေရန်နှင့် သတင်းရေးသားသည့်အခါ  ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာပြီး ရေးသားနိုင်ရန် ရည်ရွယ်၍ အခြေခံသတင်းရေးသားနည်း သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍  မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (၁၀.၇.၂၀၂၃ )  ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ချမ်းအေသာဇံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သ

14 Aug 2023

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

14 Aug 2023

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီး အတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့် ဈေးဆိုင်၊ ကုန်စုံဆိုင်(၁၄)ဆိုင်အား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်အတူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်းလိုက်ပါပြီး ဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို (၂၅.၇.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages