သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Sep 2023

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်၊ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်တို့သည် ၆-၉-၂၀၂၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် အမှတ်(၄)ရပ်ကွက်၊ မြို့ပတ်လမ်း၊ ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၄ ကျောင်းအစည်းဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

11 Sep 2023

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များ ပါဝင်ခြင်း ရှိမရှိကို စားသုံးသူရေးရာဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ညောင်တုန်း ပန်းတနော်မြို့ပေါ်ရှိ အချိုရည်အရောင်း(၃)ဆိုင်သို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

11 Sep 2023

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများ (၃၁.၈.၂၀၂၃) ရက်နေ့ နံနက် (၁၁:၀၀) အချိန်က ပန်းတနော်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၃)သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

11 Sep 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေးအတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

11 Sep 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၃၁.၈.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်းလေ့လာစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

Pages