သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Jun 2022

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် (၂၃.၆.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၂)ကြိမ်မြောက်ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပါသည်။

28 Jun 2022

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် ဖွံ့ဖြိုးတိုးတက်ရေး ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်ကိရိယာတွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို  ဇွန်လ ၁၈ ရက်နေ့၊ နံနက်( ၁၀) နာရီ အချိန်၌  ဒိုက်ဦးမြို့နယ် ၊ ကတုတ် ဘုရားကြီး ၊ တောင်သူဦးမျိုးမြင့်အောင်၏ လယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

28 Jun 2022

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဇွန်လ (၁၇) ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ဒိုက်ဦးမြို့နယ် ဆီလုပ်ငန်းရှင် ဦးအောင်လွင်နှင့်တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ နှင့်စပ်လျဉ်း၍  လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီး စားအုန်းဆီ ဖြန့်ဖြူးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

28 Jun 2022

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို  သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား အထက်ဌာနမှထုတ်ပြန်ထားရှိသည့် အမိန့်နှင့်ညွ

28 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တာဝန်ခံသည် ဇွန်လ ၁၆ ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့  သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages