သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သနပ္ပင်မြို့နယ်တာဝန်ခံ ဦးသိန်းဆွေသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုဆက်ဆံရေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ၊ နံနက် (၁၀:၃၀) တွင် ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ နှင့်စပ်လျဉ်း၍ Talk Show ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးတို့တွင် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၂.၆.၂၀၂၂ မှ ၂၄.၆.၂၀၂၂ထိ) (၃) ရက်ကြာ တပြိုင်နက် ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

National Enlightenment Institute –NEI နှင့် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “စီးပွားရေးဆိုင်ရာ အလုပ်သင်အစီအစဉ် (အပတ်စဉ်-၂) သင်တန်းသား/သူများ၏ လုပ်ငန်းအတွေ့အကြုံများတင်ပြခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀.၆.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ Hotel KS ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင် မြေပုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅-၆-၂၀၂၂)ရက်နေ့တွင် မြေပုံမြို့ပေါ်ရှိ ဆေးဆိုင်များ၌ရောင်းချလျက်ရှိသည့် ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်ထွေအုပ်၊ ကျန်းမာရေးနှင့်မြို့နယ်စည်ပင်ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့်ဝန်ထမ်းများသည် ၂၁.၆.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ ထိုင်းနိုင်ငံထုတ် ရသေ့ဆေး (သို့) တိုင်းရင်းဆေးသည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားမှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်းဆေးဖြစ်ခြင်းနှင့် ဘေးဥပဒ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်းရောင်းချခြင်းဖြစ်သဖြင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသ
