သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တောင်ကြီးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် အသိပညာပေး

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂)ရက်နေ့တွင် မအူပင်မြို့နယ် ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေသော ကုန်ပစ္စည်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံသည် ပန်းတနော်မြို့နယ် တာဝန်ခံရုံး၌ ၂၀၂၂ခုနှစ် ဇွန်လ ၂၁ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် သင်ဖျာ လုပ်ငန်းရှင်(၂၀)ဦးအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ပေးရေးပညာပေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိဝန်ထမ်းများသည် ၁9.၆.၂၀၂၂ ရက်နေ့၊ နံနက် (၁ဝ:ဝဝ) နာရီအချိန်တွင် စားသုံးသူ ပြည်သူများကို ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိ သိရှိနိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီရောင်းချလျက်ရှိသော ဆီဆိုင်များသို့ အများပြည်သူများ ဝယ်ယူနေမှုနှင့် ဆီဆိုင်များမှ ဆီရောင်းနေမှုအခြေအနေများကို ရှောင်တခင်သွားရောက်ကြည့်ရှု စစ်ဆေး
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၁.၆.၂၀၂၂ နေ့ (၁၀:၃၀)အချိန် တွင် ညောင်တုန်းမြို့နယ် နတ်ပေး အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
