သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jun 2022

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တူးချောင်းကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့ရှိ တောင်သူများ(၅၅)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ၂၀၂၂ခုနှစ် ဇွန်လ ၂၂ရက်နေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး ခန်းမ၌ပြုလုပ်ခဲ့သည်။

27 Jun 2022

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တာဝန်ခံဦးတင်ကိုသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူ ကာကွယ်ရေး ဥပဒေများ အား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ ဇွန်လ (၂၂)ရက် နံနက်(၁၀) နာရီတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဗိုလ်ချုပ်လမ်းရှိ မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပါသည်။

27 Jun 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဒေါ်ခင်မေဝင်းနှင့် ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင် ရေးရည်ရွယ်၍ ဇွန်လ(၂၁)ရက် နေ့လည် (၃) နာရီအချိန်တွင် ကျုံပျော် မြို့နယ်၊ အထောင်မြို့၊ သပြေငူ ကျေးရွာတွင် အသစ်ထုတ်လုပ်လျှက်ရှိသော Good Health သောက်ရေသန့်လုပ်ငန်းသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

27 Jun 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးထွန်းမင်းလတ်သည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ဇွန်လ(၁၈)ရက် နံနက် (၁၀) နာရီအချိန်တွင် သာပေါင်းမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ထူးသစ် မုန့်တိုက်သို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာ ပေးခဲ့ပါသည်။

27 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တာဝန်ခံရုံး၌  (၂၀.၆.၂၀၂၂) ရက်နေ့ နေ့လည် (၁၁)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Pages