သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ကျိုက်လတ် မြို့နယ် သမက်ပြေကျေးရွာရှိ ပြည်သူများအား (၁၉.၆.၂၀၂၂)ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီထိ ကျိုက်လတ်မြို့နယ် သမတ်ပြေကျေးရွာရှိ သူရိန်လင်းဆန်စက်၌ စာသုံးသူအသိပညာပေး ဟောပြောပွဲ ကို ပြုလုပ်ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား (၂၃.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ခရိုင်မီးသတ်တပ်ဖွဲတို့နှင့်ပူးပေါင်း၍ မုန့်မျိုးစုံဆိုင် နှင့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) လူထုအခြေပြုဗဟိုဌာန Community Centre တွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၃-၆-၂၀၂၂ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀နာရီအချိန်တွင် ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
