သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် ၂၃.၆.၂၀၂၂ နေ့ (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့နယ် ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်း များသည် (၂၂.၆.၂၀၂၂)ရက်နေ့တွင် ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း Gnoအမှတ်တံဆိပ် ကုန်ပစ္စည်များ အား တရားမဝင်ရောင်းချသော ကုန်စည်များ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ဓနုဖြူဈေးကွက်အတွင်းရှိ ဈေးဆိုင်(၁၀)ဆိုင်တွင် ရောင်းချနေသော ကုန်စည်များတွင် Gno အမှတ်တံဆိပ်ဖြင့် ကော်ဖီ(3 In 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို တရားမဝင်တင်သွင်းကုန်စည်များရောင်းချခြင်း ရ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူးဦးဇော်လင်းအောင်(ခရိုင်ဦးစီးမှူး) (စားသုံးသူရေးရာဦးစီးဌာန)ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများဖြင့် (၂၃.၆.၂၀၂၂)ရက်နေ့ နံနက် (၁၁:၃၀)နာရီက မြောင်းမြမြို့အတွင်း တရားမဝင် မော်တော်ဆိုင်ကယ်နှင့် တရားမဝင်တင်သွင်းသော ဓါတ်မြေဩဇာများရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည်(၂၃.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီက မြောင်းမြမြို့နယ် ထောင်ရောင်နေလမ်းရှိ ခရိုင်အသေးစားအလတ်စားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၂) တက်ရောက်နေသော သင်တန်းသူ/သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို အမှတ်(၈)ရပ်ကွက်၊တုံးလှဲရပ် အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။