Main menu

ပေါ်ဦးပေါ်ဖျားပြည်မြို့ရဲ့ ထန်းသီးဆံဈေးကွက်

Powered by Drupal
Mon, 05/04/2026 - 14:23 -- consumer_admin

                   ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံပဲဖြစ်ပါသည်။ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးပဲဖြစ်ပါသည်။ ထန်းသီးတစ်လုံးမှာ ထန်းသီးဆံ (၃) ခု ဒါမှမဟုတ် (၄) ခုထိ ပါတတ်ပါသည်။ ထန်းသီးဆံနုရင်တော့ အရောင်မှာ ခပ်ကြည်ကြည်လေးရှိပါသည်။ နွေရာသီမှာပေါက်တတ်တဲ့ မိတ်၊ ရေကျောက်၊ ဝက်ခြံ၊ အနာမီးအနာစက်များကို ပျောက်စေသဖြင့် သဘာဝအအေးဓာတ်ရှိသော ထန်းသီဆံမှာ ဆေးဖက်ဝင်ပြီး ရာသီစာတစ်မျိုးလည်းဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင် ထန်းသီးဆံပေါ်ချိန်တွင် ဈေးကွက်ထဲတွင် ထန်းသီးဆံကျောက်ကျောမှာ ဈေးကွက်ဝင်လာပြီး အလှူအတန်းများတွင်လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါသည်။ ပြည်မြို့ မြို့မစည်ပင် သာယာဈေးကြီးနှင့် အခြားဈေးများတွင် ပြည်မြို့အနီးတဝှိက်ရှိကျေးရွာများမှ လာရောက် ရောင်းချသော ထန်းသီးဆံဈေးနှုန်းမှာ တစ်ဆံလျှင် ကျပ် (၂၀၀ - ၂၅၀) ရှိပြီး ရာသီစာဖြစ်သည့် အတွက် အရောင်းအဝယ်ကောင်းကြောင်း သိရှိရပါသည်။ ထန်းသီးဆံကို Value added ပြုလုပ်ထားတဲ့ ထန်းသီးဆံကျောက်ကျောတစ်ဗန်းလျှင် ကျပ် (၁၅၀၀၀) ရှိပြီး အလှူအတန်းများနှင့် ထန်းသီးဆံကြိုက်နှစ်သက်သူများ များပြားသောကြောင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)