
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း များအား လစဉ် ကားများဖြင့် အကြို/အပို့ပြုလုပ်ပေး၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ( ၂၂) ရက်နေ့မှ ( ၂၃ ) ရက်နေ့ထိ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ( ၂ )ရက်တာ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချမှုတွင် ပေါ်ဆန်း (သစ်) ဆန် ( ၁ )ပြည်လျှင် ( ၇၈၀၀)ကျပ်၊ ဧရာမင်းဆန် ( ၁ ) ပြည်လျှင် ( ၆၀၀၀)ကျပ်၊ ရက် (၉၀)ဆန်( ၁ )ပြည်လျှင် (၃၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြားအသုံး အဆောင်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
