
ကုန်ထုတ်လုပ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော ကဏ္ဍတစ်ခုဖြစ်သည်။ ကုန်ထုတ်လုပ်မှုဆိုသည်မှာ ကုန်ကြမ်းပစ္စည်းများကို လုပ်အားနှင့်စက်ပစ္စည်း များ သုံး၍အသုံးဝင်သော ကုန်ချောများအဖြစ် ပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်သည်။ ကုန်ထုတ်လုပ်မှု သည်နိုင်ငံ၏စီးပွားရေး ကျောရိုးသဖွယ်ဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအများစုသည် ခိုင်မာ သောကုန်ထုတ်လုပ်မှု ကဏ္ဍရှိကြသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်အတွက် နည်း ပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ညှိနှိုင်းတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည်။
ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပြည်တွင်းအသားတင် ထုတ်လုပ်မှု(GDP)ကို တိုက်ရိုက်မြှင့်တင် ပေးသည်။ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များပြုပြင်ခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်း စသည့်ကဏ္ဍများသည် စီးပွားရေးကို ကြီးထွားစေသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် လူအင ်အားကို အများအပြားလိုအပ်ပြီး ကျေးလက်နှင့်မြို့ပြဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးကာ ဝင်ငွေမြင့်မားစေသည်။ ဤသို့ဖြင့် ပြည်သူများ၏ ၀ယ်လိုအားတိုးတက်စေပြီး ဈေးကွက်ကြီးထွားလာစေသည်။ ထို့ပြင် သုတေသနနှင့် ဖွံ့ဖြိုးရေးကိုမြှင့်တင်ကာ စက်ရုံများတွင် စက်ကိရိယာများ၊ အလိုအလျောက်စနစ်များ(Automation)နှင့် ဉာဏ်ရည်တု နည်းပညာ(AI)တို့ကို အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှု စွမ်းဆောင်ရည်မြင့်တက်စေသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍ ခိုင်မာသော နိုင်ငံများသည် ပြည်ပသို့ကုန်ပစ္စည်းများ တင်ပို့နိုင်ပြီး နိုင်ငံခြားငွေဝင်ငွေများ ရရှိစေသည်။ ဤသို့ ဖြင့် နိုင်ငံ၏ ငွေကြေးဖလှယ်နှုန်းတည်ငြိမ်စေကာ အခြားနိုင်ငံများမှစက်ပစ္စည်းများ၊ ကုန်ကြမ်းများ ဝယ်ယူနိုင်စွမ်း မြင့်မားလာစေသည်။
ထို့ကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ကြီးထွားလာသည်နှင့် အမျှ သယ်ယူပို့ဆောင်ရေး၊ အာ မခံ၊ ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး စသည့်၀န်ဆောင်မှုကဏ္ဍများလည်း ဖွံ့ဖြိုးလာသည်။ ထို့ပြင် ကုန်ကြမ်းနှင့်အကူပစ္စည်းများ ထောက်ပံ့ပေးသော လုပ်ငန်းငယ်များလည်း အရှိန်အဟုန်ဖြင့် ပေါ် ထွန်းနိုင်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍခိုင်မာသော နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး ကျပ်တည်းမှု ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည်။ မိမိနိုင်ငံတွင် အခြေခံလိုအပ်ချက်ပစ္စည်းများ (ဥပမာ- အစားအစာ၊ ဆေးဝါး၊ စွမ်းအင်) ထုတ်လုပ်နိုင်လျှင် ပြည်ပအကူအညီများ အပေါ်မှီခိုမှုလျော့နည်း ကာ နိုင်ငံတော် အနေဖြင့် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်သည်။
နိုင်ငံတော်တိုးတက်ခြင်းနှင့် ကုန်ထုတ်လုပ်မှု
ကုန်ထုတ်လုပ်မှု တိုးတက်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်မှု ဖွံ့ဖြိုးတိုးတက် မှုအတွက် များစွာအရေးပါသည်။ မြန်မာနိုင်ငံသည် အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းခန့်သည်မြို့ပြတွင်နေထိုင်ကြသည်။ အဆိုပါလူဦးရေထဲမှ ၅၀ ရာခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်သားငါးကဏ္ဍတို့တွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ ကျေးလက်စီးပွားရေးကို မြှင့်တင်ပေး မှသာ နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကို တစ်ပါတည်းလျှော့ချ နိုင်မည် ဖြစ်သည်။ အဓိကကျောရိုးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက် ခြင်းဖြင့် စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများလည်း တိုးတက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် လူဦးရေထူထပ်သော နိုင်ငံများဖြစ်ကြသည်။ အဆိုပါနိုင်ငံများ သို့ ကုန် ပစ္စည်းများ ထုတ်လုပ်တင်ပို့ပါက နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း ကုန်ထုတ်လုပ်ငန်းများ အောင်မြင်စေရေးအတွက် လိုအပ်သည့်ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများကို အချိန်နှင့်တစ်ပြေးညီကြိုးပမ်း ဆောင်ရွက်လျက်ရှိ သည်။
နိုင်ငံဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အရည်အသွေးမြှင့်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို နည်းပညာ၊ ငွေကြေးနှင့်ဈေးကွက် ဖော်ဆောင်ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးအတွက် စပါးစိုက် ပျိုးမှု၊ ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ပဲမျိုးစုံစိုက်ပျိုးမှု၊ အသား၊ ငါးထုတ်လုပ်မှုများကို နှစ်အလိုက်တိုး တက်မှုရရှိအောင် ဆောင်ရွက်ရာ နိုင်ငံတော်၏ စီးပွားရေးအခြေအနေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် စုစုပေါင်းရငွေကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရငွေကျပ် ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်ရရှိခဲ့သည်။
ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းသည် ိုင်ငံ့စီးပွားရေးကိုမြှင့်တင်ခြင်းဖြစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်ဝန်ကြီးချုပ်များအား ၁၆-၁၀-၂၀၂၅ ရက်တွင် တွေ့ဆုံအမှာစကား ပြောကြားရာ ၌ “စိုက်ပျိုးရေးကဏ္ဍတွင် သာမန်အားဖြင့် ကောက်ပဲသီးနှံများသာမက စက်မှုသီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စက်မှုလုပ်ငန်းများတိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကကျောရိုးဖြစ်သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သီးနှံများပိုမိုတိုးတက် ထုတ်လုပ်နိုင် ရန်အတွက် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင် တစ်ဧကသီးနှံ အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက် သွားရန်လိုကြောင်း၊ ပြည်တွင်းဆီဖူလုံမှုရှိစေရေး နေကြာစိုက်ဧကများ တိုးချဲ့ခြင်းနှင့်ကော်ဖီများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကော်ဖီစိုက်ဧကများ တိုးချဲ့ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ ဆီနေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီဖူလုံမှုကို တစ်ဖက် တစ်လမ်းမှအထောက်အကူပြုစေမည်ဖြစ်ပြီး ပြည်ပမှဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ် သဖြင့် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်းလုံးတွင် မြေနိမ့်ကော်ဖီကို စိုက်ပျိုးနိုင်ကြောင်း၊ စားရေးနှင့်ပတ်သက်၍ စားရေရိက္ခာများ လုံလောက်စွာ ရရှိစေရေး မိမိတို့အနေဖြင့် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအလိုက် အသားငါး များဖူလုံပေါများစေရေး ဆောင်ရွက်ပေးရာတွင် စိုက်ပျိုးမွေးမြူရေးဇုန်များ တည်ထောင် ဆောင် ရွက်သွားရန်လိုကြောင်း”စသည်ဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက် မှာကြားလမ်းညွှန်မှုပေးခဲ့ သည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးခိုင်မာမှု၊ လူမှုရေးတည်ငြိမ်မှုနှင့်နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှုသည် ခိုင်မာသော ကုန်ထုတ်လုပ်မှုကဏ္ဍပေါ်တွင် အဓိကမှီတင်းနေသည်။ ကုန်ထုတ်လုပ်မှုသည် စက်မှုလယ်ယာ၏နှလုံးသားဖြစ်၍ ၎င်းသည် အလုပ်အကိုင်၊ နည်းပညာ၊ ဆန်းသစ်မှုနှင့် နိုင်ငံခြားဝင်ငွေတို့ကို မွေးထုတ်ပေးသော “စီးပွားရေးကြီးထွားမှု၏အင်ဂျင်”သဖွယ် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အနေဖြင့် စီမံချက် ရေးဆွဲခြင်း ၊ ရင်းနှီးမြှုပ်နှံမှု များဖိတ်ခေါ် ခြင်း၊ နည်းပညာလွှဲပြောင်းခြင်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးတို့ကို စနစ်တကျ ဆောင် ရွက်ရန် လိုအပ်သည်။ကျွန်ုပ်တို့အားလုံး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို အား ပေးမြှင့်တင်လိုက်ပါက စီးပွားရေးဖွံ့ဖြိုးပြီး ပြည်သူများသာယာဝပြောသော ခေတ်မီဖွံ့ဖြိုးသည့်နိုင်ငံ တော်ကြီးအဖြစ် ရပ်တည်နိုင်မည်မှာ မလွဲမသေမုချပင်ဖြစ်သည်။
ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်မှုကိုစတင်ရန်မှာ နိုင်ငံတော်အစိုးရ၏ မူဝါဒချမှတ် မှုတစ်ခု တည်းဖြင့်မပြီးဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလယ်သမားများနှင့် လူငယ်လုပ်ကိုင်သူများအားလုံးက ပူးပေါင်းပါဝင်ရန်လိုအပ်သည်။ ထို့ကြောင့် ပြည်တွင်း ထုတ်ကုန် များကို ထုတ်လုပ်ရောင်းချခြင်း၊ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ရန် ရည်မှန်းပြီးကြိုးပမ်း ခြင်း စသည်တို့တွင် နိုင်ငံသားတိုင်းက ၎င်းတို့၏ကျရာအခန်းကဏ္ဍမှနေ၍ တက်ကြွစွာ ပါဝင်ဆောင် ရွက်ပြီး စီးပွားရေးအခြေခံခိုင်မာသော၊ စားရေရိက္ခာဖူလုံသော၊ ပြည်သူများသာယာဝပြောသော နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
