Main menu

စပါးဖျက်ပိုး မျိုးပွားအားကောင်းသည့် ရွှေခရု ကို မြေဩဇာအဖြစ် ပြုပြင်ပြောင်းလဲ ဖော်ဆောင်ရေး သိကောင်းစရာ

Powered by Drupal
Tue, 12/16/2025 - 13:29 -- consumer_admin

 

          စပါးစိုက်တောင်သူကြီးများကို အန္တရာယ်အပေးနိုင်ဆုံးဖျက်ပိုးများထဲတွင်  ရွှေခရုဟာလည်း တစ်ခု အပါဝင်ဖြစ်လာပါသည်။ စပါးစိုက်တောင်သူများ ဖျက်ပိုးအန္တရာယ်ကျရောက်မှုများကို ကာကွယ်နိုင်ရန်နှင့် ဖျက်ပိုး ရွှေခရုအကြောင်း သိကောင်းစရာများကို တောင်သူများ သိရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ငါးမွေးမြူ ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကျန်းမာရေး ဦးစီးဌာနတို့ပါဝင်သော အဖွဲ့သည် ကျေးရွာနယ်မြေ ကွင်းဆင်း၍ နွေးစပါးနှင့် ဆောင်သီးနှံ စိုက်ပျိုးမှုများကို ကွင်းဆင်း လေ့လာနည်းပညာပေးပွဲကို ၂၀၂၅ခုနှစ်  နိုဝင်ဘာလ ၂၄ရက်နေ့က မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပေပင်မြောက်၊ ခတ္တိယ ကျေးရွာ တောင်သူအသိပညာနည်းပညာ ပေးခြင်းနှင့် တောင်သူများအား နယ်မြေကွင်းဆင်း၍ အသိပညာပေး ဟောပြောခဲ့ကြသည်။

          စပါးဖျက်ပိုးဖြစ်သည့် ရွှေခရုသည်  ၂၀၀၅ခုနှစ်ကတည်းက စတင်၍ စပါးခင်းများကို ဖျက်စီးမှုများပြားလာပြီး တောင်သူများ စိုက်ပျိုးရာတွင် စိုက်ပျိုးထွက်ရှိုမှု နည်းပါးမှု ဖြစ်ပေါ်လာသည့်အတွက် စီမံချက်တစ်ခုရေးဆွဲကာ ရွှေခရုတိုက်ဖျက်ရေး လုပ်ငန်းများကို တောင်သူကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်ရန် သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လာကြသည်။

Golden Apple Snail ဟု စိုက်ပျိုးရေးပညာရှင်တို့က အမည်လှလှကင်ပွန်းတပ်ထားသော ရွှေခရုမှာ အချိန်ကာလ ဆယ်စုနှစ်မပြည့်သေးမီမှာပင် ဘီလူးကျွန်းအပါအဝင် မွန်ပြည်နယ်ရှိ စပါးခင်းအနှံ့အပြားကို ထိုးဖောက်မွှေနှောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေခရု

ရွှေခရုသည် သီးနှံစုံ၏ နူးညံ့သောအပိုင်းကို နှစ်ခြိုက်စွာ ကိုက်ဖျက်စားသောက်သော သတ္တဝါတစ်မျိုးဖြစ်သည်။ ၎င်းတွင် နှလုံးနှင့် ဘဟက်ပါဝင်၍ ရေနှင့် ကုန်းမြေတွင် ရှင်သန်ပေါက်ဖွားနိုင်သည်။ ရွှေခရု အရွဘ်အစားကတော့ ၅ မီလီမီတာကနေ၊ ၄၀ မီလီလီတာခန့်ရှိသည်။ ရွှေခရု အမ ဟာ  စပစ်ခိုင်ကဲ့သို့ ပန်းရောင် ဥ များ ကို တစ်နေ့လျှင် ဥရေ ၉၀ကနေ ၆၀၀ အထိ ဥချနိုင်ပြီး တစ်လအတွင်း ဥပေါင်း ၁၀၀၀ကနေ ၁၂၀၀၀အထိ ဥချနိုင်သောကြောင့် မျိုးပွားမှု အများဆုံး သတ္တဝါတစ်ကောင်ဖြစ်သည်။ သီးနှံစိုက်ခင်းတွေကို ပြင်းအားအကောင်းဆုံး ဖျက်စီးနိုင်သော သတ္တဝါဖြစ်သည်။ ဥဘဝကနေ ၃ရက်သား ၁၄ရက်သား ရောက်ပြီးဆိုလျှင် အကောင်ငယ်လိုပြောလို့ရပြီး ရက်၆၀ကနေ ၈၄ရက်သားကို အကောင်ကြီးလို့ သတ်မှတ်နိုင်ပါသည်။ အကောင်ကြီးဖြစ်ပြီး ၁၀နာရီကြလျှင် အထီး အမ ပြောင်လဲမှု မျိုးပွားနိုင်ပါသည်။ အမဟာ အထီးထက် ပိုမိုအကောင်ကြီးပြီး အမ ငါးကောင်မှာ အထီးတစ်ကောင်သာ ပေါက်ပွားနိုင်ပြီး မျိုးအားကောင်းမှုကြောင့် မိမိစပါး ခင်းများ မပျက်စီးနိုင်ရန် ရွှေခရုများကို ဥမျုံဘဝတည်းက ဖျက်စီးသင့်ပါသည်။ မျိုးပွားအားကောင်းပြီး စပါးများကို ဖျက်စီးလွယ်တဲ့ ရွှေခရု အန္တရာယ်မှကာကွယ်နိုင်ရန် အသိပညာများ သိရှိနိုင်ရန် လိုအပ်ပါသည်။

          ရွှေခရုသည် စပါးဝင်များကို သေသည်အထိ ဖျက်စီးနိုင်သဖြင့် စပါးစိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရမည်။ လယ်မြေအတွင်းခရုအရမ်းကျပါက နံနက်စောစောနှင့် ညနေပိုင်းများတွင် လူအင်အား များများဖြင့် ရွှေခရုကောက်၍ ဖျက်စီးပါ။ နောက်တစ်နည်းက ဘဲများကို ရေထဲလွှတ်စေပြီး ဘဲများကနေ ခရုများကို စားသုံးနိုင်သလို လူများကောက်ယူသော ခရုများကို ထုပြီး ဘဲများအား ဘဲစာများနှင့် ရောနှော ကျွေးမွေးနိုင်သည်၊၊ ဖရဲသီး၊ သင်္ဘောရွက်၊ နာနတ်သီးအခွံတို့ကို လယ်မြေတွင် ချထားပြီး အစာဖြင့်မျှားက ဖမ်းစီးဖယ်ရှားနိုင်သည်။ စိုက်ခင်းတွင် ဥများ မကျရောက်အောင် စိုက်ခင်းပတ်ပတ်လည်တွင် ဝါးတိုင်ထောင်ဥ ဥ ဥစေနိုင်သည်။ လယ်ရေထွက်ပေါက်များကို ပိတ်၍ ရွှေခရုများကိုဖမ်းစီးနိုင်သည်။ နောက်ဆုံးနည်းကတော့ ဓါတုဆေးသုံးပြီးနှိမ်နှင်းမှသာ ရွှေခရုအန္တရာယ်ကာကွယ်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ခင်း၊ ပျိုးခင်း များတွင် ကျရောက်သော ဖျက်ပိုးများစွာ ရှိပါသည်။ သို့ရာတွင် ခရုများကို အဓိက ဖျက်ပိုး အဖြစ်သိရှိသူ နည်းပါးပါသည်။ ခရု၏ မူရင်း ဒေသနှင့် ပျံ့နှံ့တည်ရှိမှု ခရု၏ မူရင်းဒေသမှာ တောင်အမေရိက ဖြစ်၍ ထိုင်ဝမ်သို့ ပင်လယ်အစားအစာ အဖြစ် ရောက်ရှိလာခဲ့သည်။ ၁၉၇၉-၈၀ ပြည့်နှစ်တွင် ထိုင်ဝမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံ များသို့ ပျံ့နှံ့ ဝင်ရောက်လာသည်။

သွင်ပြင်လက္ခဏာ

ခရုများ၏ ဥများမှာ ပထမတွင် ပန်းနုရောင် အရွယ်အစားမှာ ၂၂ ဒသမ ၈ မီလီမီတာ ခန့်ရှိပြီး တဖြည်းဖြည်း ပန်းဆီ အနီရောင်သို့ပြောင်းလာသည်။ ကြီးရင့်လာသည်နှင့် အဖြူရောင်သို့ပြောင်းလာသည်။ အကောင်ကြီး၏အရောင်မှာ ဝါညိုရောင်ရှိပြီး အရွယ်အစားမှာ ငါးစင်တီမီတာခန့် ၂-၃ လက်မခန့်ရှိသည်။

မျိုးပွားခြင်း

ကောင်ပေါက်ပြီး ၂-၃ လတွင် အရွယ် ရောက်ပါသည်။ အမ တစ်ကောင်သည် တစ်ကြိမ်လျှင် ၁၀၀ မှ ၁,၀၀၀ အထိ အတွဲလိုက်ဥနိုင်သည်။ အမတစ်ကောင်သည် တစ်နှစ် အတွင်း သုံးကြိမ်ခန့် မျိုးပွားနိုင်သည်။ ရွှေ ခရုတစ်ကောင်သည် ပတ်ဝန်းကျင်ရှိ အပူချိန်နှင့်အစာရေစာပေါ်မူတည်၍ ၅-၁၀ နှစ် အထိ အသက်ရှင်နေထိုင်နိုင်သည်။

စားသောက်ပုံနှင့် နေထိုင်ဓလေ့

ခရုအမ များသည် ဥတွဲများကို ရေမျက်နှာပြင် အထက် ၂-၃ လက်မအတွင်း စပါး ပင်စည်ပေါ်တွင်လည်းကောင်း၊ မြက်ပင် ပေါင်းပင်ပေါ် လည်းကောင်း ဥလေ့ရှိပါ သည်။ ဥများသည် ရှစ်ရက်မှ သုံးပတ်အတွင်း အကောင်ငယ်များ ပေါက်လာသည်။ အကောင်ငယ်ဘဝတွင် ရေညှိ၊ ရေမှော်၊ ရွက်နုများကို စားသောက်၍ အကောင် ကြီးလာသည်နှင့် အရွက်၊ အသီး၊ ပင်စည် နှင့် အမြစ်များကို စားသောက်သည်။

ဖျက်ဆီးမှု လက္ခဏာ

စပါး၊ ပြောင်း၊ ရှောက်၊ သံပုရာနှင့် ဟင်းသီးဟင်းရွက်များတွင် အများဆုံးကျ ရောက်နိုင်ပါသည်။ စပါးပျိုးခင်း၊ စိုက်ခင်း များတွင် ပင်ခြေမှ စတင်၍ ကိုက်ဖျက်စား သောက်လေ့ရှိပြီး အပင်များပြန်လည်ရှင် သန်နိုင်ရန် အလွန်ခဲယဉ်းသည်။ မြေကြီးထဲတွင် သုံးလအထိ ခိုအောင်းနေနိုင်ခြင်း ကြောင့် နွေစပါးခင်းရေသွင်းထားချိန်တွင် ကျရောက်မှုအများဆုံး ရှိနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

ခရုများကျရောက်လာလျှင် အလျင် အမြန်ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။ နှိမ်နင်းနိုင်သော နည်းစနစ်များမှာ -

၁။ စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ် နှိမ်နင်းခြင်းကုန်းမြင့်ပိုင်းတွင် ပျိုးဘောင်များဖြင့် ပျိုးထောင်ခြင်း၊ ခရုဖျက်ဆီးမှုကို ခံနိုင်ရည် ရှိရန် ပျိုးသက်ကိုနောက်ဆုတ်၍ စိုက်ပျိုး ခြင်း၊ စပါးခင်းအတွင်း အသင့်အတင့်ကျယ်သော ရေဝပ်ကျင်း၊ အိုင်ငယ်လေးများ ပြု လုပ်ထားခြင်းဖြင့် ရေထုတ်သည့်အခါ ခရု အားလုံး ယင်းအိုင်ငယ်တွင် တစ်စုတစ်ဝေးတည်း လွယ်ကူစွာကောက်ယူ ဖျက်ဆီးနိုင် ခြင်း၊ စပါးရွှေ့ပြောင်းစိုက်ပြီး ၁၀ ရက် အတွင်း ရေထုတ်ခြင်း၊ ထုံးကို တစ်ဧက လျှင် ၁၅၀ ပိဿာနှုန်း ကြဲပက်ပေးခြင်း။

၂။ ကောက်ယူဖျက်ဆီးဖယ်ရှားခြင်း ဥအတွဲများကို ရှာဖွေကောက်ယူ ဖျက်ဆီးပစ်ခြင်း၊ ခရုများ ဥအုစေရန် ဝါးတိုင် ငယ်လေးများကိုလိုက်လံစိုက်ပေးပြီး ဥများတွေ့ရှိပါက ဖျက်ဆီးပစ်ခြင်း၊ အကောင် ငယ်နှင့် အကောင်ကြီးများကို လိုက်လံ ကောက်ယူပြီး အိတ်ထဲထည့်၍ လေလုံ ပိတ်ခြည်နှောင်ထားခြင်း၊ ရေကတွက်ပေါက်များ ရေသွင်းရေထုတ် မြောင်းပေါက်များ တွင် ဇကာ၊ ပိုက်ကွန်စိတ်စိတ်တပ်ဆင်၍ ဖမ်းယူဖျက်ဆီးခြင်း။

၃။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းဘဲများမွေးမြူ လွှတ်ကျောင်းခြင်း၊ ခရုဥနှင့် အကောင်ငယ်လေးများအား စား စေရန်လယ်ထဲသို့ ငါးများထည့်သွင်းမွေးမြူခြင်း။

၄။ အစာဖြင့်ဆွဲဆောင်ဖမ်းဆီးခြင်း ရေဝပ်ကျင်းများတွင် ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံ စသည့်အနံ့မွှေးသော မျှားစာများ ချထားပြီး လာရောက် စုဝေးစားသောက်ချိန် တွင် ကောက်ယူဖျက်ဆီးခြင်း။

၅။ ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ စနေးဆိုက် ခရုသတ်ဆေး သုံးပေးနိုင်ပါတယ်။

          ရွှေခရုကို အသုံးပြု၍ သဘာဝမြေဩဇာအရည်ပြုလုပ်သုံးစွဲနည်းရှိကြောင်း စိုက်ပျိုးရေးဌာန၏ လေ့လာ တွေ့ရှိချက်များအရ သိရသည်။

          ရွှေခရု (Golden Apple Snial ) တွင် ပရိုတင်း၊ ကယ်ဆီယမ်၊ ဖော့စဖောရပ်နှင့် အခြား energy ကြွဘ်ဝမှုတို့ကြောင့် ရွှေခရုအား လူနှင့် တိရိစ္ဆာန်အစားအစာအဖြစ် စားသုံးခဲကြပြီး ၁၉၈၀ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံမှ ထိုင်ဝမ်သို့ စတင်၍ တင်သွင်းရာမှ ကမ္ဘာတစ်ဝှမ်းပျံ့နှံခဲ့ခြင်းဖြစ်သည်။ ရွှေခရုသည် မူရင်းဒေသတွင် ဂေဟစနစ်ကို ခြိမ်းခြောက်သည့် ဖျက်ပိုးမဖြစ်နိုင်သော်လည်း  ပတ်ဝန်းကျင်အသစ်၊ ဂေဟဗေဒစနစ်အသစ်တွင် ရုပ်ပိုင်းဆိုင်ရာကြီးထွားရန် လိုက်ရောညီထွေမှုရှိသည့် ပိတ်ဝန်းကျင်ဖြစ်ပါက  အန္တရာယ်ရှိသော ဖျက်ပိုးတစ်မျိုးဖြစ်လာခဲ့ပါသည်။  ထို့ကြောင်းနိုင်ငံအသီးသီးတွင် ရွှေခရုကာကွယ်နိုင်နှင်းရေး လုပ်ငန်းများကို ဘက်ပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့ကြပြီး ရွှေခရူများအား ကြိတ်ခွဲ၍ အချဉ်ဖော်ခြင်းဖြစ်စဉ်ဖြင့်  သဘာဝမြေဩဇာ (သို့) ဇီဝမြေဩဇာအရည်များအား ပြုလုပ်သုံးစွဲလာကြခြင်းဖြစ်သည်။ ရွှေခရုအခွံနှင့် အသားများတွင် ဗိုက်တာမင်၊ ပရိုတင်း၊ အဆီဓါတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ကယ်ဆီယမ်နှင့် အခြားအဟာရ ဓါတ်များ ပါဝင်ပြီး သီးနှံပင်များအတွက် အသုံးပြုရန်သင့်တော်သဖြင့် အော်ဂဲနစ်မြေဩဇာအရည် (Liquid Organic Fertilizer (LOF) အဖြစ် အသုံးပြုကြပါသည်။

ရွှေခရုမြေဩဇာအရည်ပြုလုပ်ခြင်း လိုအပ်သော ပစ္စည်းများ

          (၁) ရွှေခရုနှင့် ခရုဘေးထွက်ပစ္စည်း (၁)ပိဿာ

          (၂) တင်လဲရည်/ ထန်းလျက် (၁)ပိဿာ

          (၃) အီးအမ် (သို့) Indigenous microorganisms (IMO) (၁)လီတာ

          (၄) စဉ့်အိုး (သို့မဟုတ်) မြေအိုး (သို့) ပလပ်စတစ်ပုံး

          (၅) စစ်တောင်းစက္ကူ/ သတင်းစာ/ ဂျာနယ်

          (၆) ပလပ်စတစ်ကြိုးတစ်ချောင်း

          (၇) ပလပ်စတစ်ပိုက်အသေး

ပြုလုပ်ပုံအဆင့်ဆင့်

(က) ခရုများကို ရေပြောင်အောင်ဆေး၍ ခရု (၁)ပိဿာ အား ထုခေပြီး မြေအိုး(သို့) ပလပ်စတစ်ပုံးထဲထည့်ပါ။

(ခ) တင်လဲရည် (သို့မဟုတ်) ထန်းလျက် (၁)ပိဿာ အား အိုးထဲသို့ ထည့်ပါ။

(ဂ) အီးအမ် (သို့) Indigenous microorganisms (IMO) (၁)လီတာထည့်၍ သေချာစွာရောမွေပေးရပါမည်။

(ဃ) ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောနှော၍ မွေပါ။ ပါဝင်ပစ္စည်းအ‌ရောများသည် အိုး၏ သုံပုံနှစ်ပုံ ခန့်ရှိရပါမည်။

(င) ရောနှောမေံထားသည့် ပုံးအား လေဝင်လေထွက်ရှိနိုင်သော စက္ကူသတင်းစာဖြင့် နှစ်ထပ်အုပ်၍ အပေါ်တွင် ကြိုးဖြင့် သေချာစည်းပြီး ပြုလုပ်သည့် ရက်စွဲနှင့် အညွှန်းသေခြာစွာရေး၍ ကပ်ထားရပါမည်။

(စ) ပုံးတွင်းအချဉ်ဖော်ခြင်းဖြစ်စဉ်မှ ဂတ်(စ်)ထွက်လာခြင်းအားသိရှိရန် ပုံး၏အပေါ်မှ ပိုက်အငယ်စားအား အပေါက်ဖောက်၍ ယင်းပိုက်၏အစွန်းတစ်ဖက်အား ပုံးအတွင်းထည့်ထား၍ အခြားတစ်ဖက်အား ရေသန့်တစ်ဝက်ထည့်ထားသည့် ရေဗူးနှင့် ဆက်ထားပေးရပါမည်။

(ဆ) အချဉ်ဖောက်ခြင်းအား (၁၀-၁၅)ရက်ခန့် စောင့်ရန်လိုအပ်ပါသည်။ ကောင်းမွန်စွာအချဉ်ဖောက်ခြင်း၊ ဖြစ်စဉ်မှမွေးပျံ့သောအနှံကိုရရှိပါက  ခရုမြေဩဇာအရည်ပြုလုပ်ခြင်း အောင်မြင်ကြောင်းသိရှိရမည်ဖြစ်ပါသည်။  အပုတ်နံ့ရပါက အချဉ်ဖော်ခြင်းဖြစ်စဉ်မအောင်မြင်ပါ။

(ဇ) အချဉ်ဖော်ပြီးရရှိလာသည့် အရည်များအား သေချာစွာစစ်၍ အေး၍ခြော်ကသွေ့သော နေရာတွင် လေလုံအောင် ထားရပါမည်။

အသုံးပြုနည်း

          မြေဩဇာအရည်အား မြေပေါ်သို့လည်းကောင်း၊ အပင်အစိတ်အပိုင်းများပေါ်တွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ စပါးပင်များတွင် အသုံးပြုမည်ဆိုပါက မြေဩဇာအရည် (၂၅၀)မီလီလီတာအား ရေ (၁၅)လီတာဖြင့် ရောပြီး စပါးရွှေ့ပြောင်းစိုက်ပျိုးပြီး(၁၀)ရက်သားနှင့် (၁၅)ရက်သားတွင် ထပ်မံအသုံးပြုနိုင်ပါသည်။

          ဟင်းသီးဟင်းရွက်စိုက်ပျိုးခင်းများတွင် အသုံးပြုမည်ဆိုပါက မြေဩဇာအရည် (၂၀၀) မီလီလီတာအား ‌ရေ (၁၅)လီတာဖြင့်ရောပြီး စိုက်ပျိုးပြီး ၇ ရက်ခန့်တွင် အရွက်နှင့် မြေဆီလွှာပေါ်တွင် အသုံးပြုပြီး (၇)ရက်ခြားတစ်ကြိမ် အသုံးပြုနိုင်ပါသည်။

          နှစ်ရှည်ပင်နှင့် ဥယျာဉ်ခြံမြေသီးနှံများတွင် မြေဩဇာအရည် (၂၅) မီလီလီတာအား ရေ(၁၅)လီတာဖြင့်‌ ရောပြီး မြေဆီလွှာမျက်နှာပြင်ပေါ်နှင့် အမြစ်များအား (၂)ပတ် တစ်ကြိမ် အသုံးပြုနိုင်ပါသည်။

အကျိုးကျေးဇူးများ

          မြေဆီလွှာအဟာရတိုးတက်ခြင်း၊ မြေသားမွခြင်း၊ မြေသားဖွဲ့စည်းမှု ပိုမိုကောင်းမွန်လာခြင်း၊ မြေတွင်းသက်ရှိများနှင့် အဏုဇီဝသက်ရှိများလာခြင်း၊ အပင်ကြီးထွားမှုကောင်းခြင်း၊ အဟာရဓါတ်များအား သီးနှံပင်များမှ လျှင်မြန်စွာစုပ်ယူနိုင်ခြင်း ၊ သီးနှံထုတ်လုပ်မှု ပိုမိုကောင်းလာခြင်း အကျိုး‌ကျေးဇူးများ ရှိလာနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများကို အသိပညာပေး ဆွေးနွေးပွဲတွင် ရှင်းလင်းခြင်းမှ သိရှိရသည်။ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် အခက်အခဲဖြစ်ပေါ်မှုများကို မြေပြင်ကွင်းဆင်း၍ အသိပညာဗဟုသုတတိုးပွားနိုင်‌ရေး မိတ်ဖက်ဌာနများ ကွင်းဆင်းဆောင်ရွက်ရာမှ အသိပညာပေး လှုပ်ရှားမှုမှ လယ်ယာမြေ စိုက်ပျိုးထွက်ရှိမှု တိုးပွားလာစေရန် နည်းပညာဗဟုသုတများ ဖြန့်ဝေအသိပေးလျက်ရှိပါသည်။ လတ်တလောကာလတွင် ခရုကြိုတင်ကာကွယ်ရေး အကြံပြုချက်များ၊ သတိပေး ပညာပေးချက်များ လုပ်ဆောင်ထားကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)