Main menu

အနာဂတ်လူမှုစီးပွား ဖွံ့ဖြိုးဖို့ ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားစို့

Powered by Drupal
Tue, 12/09/2025 - 12:54 -- consumer_admin

 

   သဘာဝပတ်ဝန်းကျင် (Natural Environment) ဆိုသည်မှာ လူသားများ နှင့် အခြား သက် ရှိများ  ရှင်သန်ရပ်တည်ရေးအတွက်  အခြေခံဖြစ်သည့် သဘာဝအရင်းအမြစ်များ၊ ဂေဟစနစ်များနှင့် ရာသီဥတုအခြေအနေများ    စုပေါင်းဖွဲ့စည်းထားသော အရာကိုဆိုလိုသည်။ 

   ကျွန်ုပ်တို့ကမ္ဘာမြေသည် လူသားတို့ စားဝတ်နေရေးအတွက် လိုအပ်ချက်များဖြစ်သည့်  လေ၊ ရေ၊ မြေ၊ အစားအစာတို့ကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ထိုသို့အဖိုးတန်သော ကမ္ဘာမြေကို ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အလွန်အရေးကြီးလှ သည်။

   ကမ္ဘာ့လူဦးရေသည် တဖြည်းဖြည်းပိုမို များပြားလာခဲ့ပြီး  လူနှင့်တိရစ္ဆာန်တို့မှ ထွက်ရှိသည့် အပူငွေ့များ၊  စက်ရုံ၊ အလုပ်ရုံများ၊ မော်တော်ယာဉ်များမှ ထွက်ရှိသည့်အပူငွေ့များကြောင့် ရာသီ ဥတုပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍ရနိုင်သော လည်း ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင် ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများအပြား၌ ရေကြီးရေလျှံမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများ၊  မိုးခေါင်ရေရှားမှုများ၊ တောမီးလောင်ကျွမ်းမှုများ၊ အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်မြင့်မား ပြောင်းလဲမှုများနှင့် ပြင်းထန်သည့် ငလျင်လှုပ်ခတ် မှုများ စသည့်ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏ အကျိုးဆက်ကို ကြုံတွေ့ရလျက်ရှိသည်။

    ကမ္ဘာ့နိုင်ငံအသီးသီးတွင် စက်ရုံများမှ ထုတ်လွှတ်သော ပလတ်စတစ်ပစ္စည်းများ၊ စွန့်ပစ် ပစ္စည်းများ၊ မိလ္လာအညစ်အကြေးများ စွန့်ပစ်ခြင်း၊ ရေဆိုးရေညစ်များစွန့်ပစ်ခြင်း၊ သတ္တုတူးဖော်ခြင်း လုပ်ငန်းများ၊ ပင်လယ်ထဲသို့  အမှိုက်စုပုံပစ်ခြင်းတို့ကြောင့် ရေထုကိုညစ်ညမ်းစေသည်။ ထို့ပြင် မြေမှထုတ်ယူရရှိသော လောင်စာများ လောင်ကျွမ်းရာမှ ပင်လယ်ထဲသို့ စီးဝင်ခြင်း၊ ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲ ပက်ဖျန်းခြင်း၊ ရေစီးနှင့်အတူ  ဓာတုပစ္စည်းများ  ရေထဲ သို့စီးဆင်းခြင်း၊ ရေပုပ်ရေဆိုးများပိုက်လိုင်းများမှ ယိုထွက်ခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ ရေနေ သတ္တဝါများ သေဆုံးခြင်း၊ ကုန်းနေသတ္တဝါများမှ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ခြင်းများကြောင့် ရေထုညစ်ညမ်းခြင်းများ ဖြစ်ပေါ်စေသကဲ့သို့ မြေအောက်မှ ရေနံတူးဖော်ခြင်း၊ ကျောက်မီးသွေး တူးဖော်ခြင်းတို့မှ ဘေးထွက်ပစ္စည်းများ မတော်တဆယိုစိမ့်ထွက်ခြင်း စသည့်အကြောင်းများကြောင့် ရေထုညစ်ညမ်းမှုတို့ ဖြစ်ပေါ်စေသည်။

    ကျောက်မီးသွေးနှင့်လောင်စာများ ဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကို လျှပ်စစ်ဓာတ်အား ပေးစက်၊ စက်မှုကုန်ထုတ်စက်ရုံများ ပို့ဆောင်ရေးယာဉ်တို့တွင်အသုံးပြုရာမှ   ထွက်ပေါ်လာသည့် ဓာတ်ငွေ့များအပြင် မီးခိုးကျပ်ခိုးနှင့် ဒြပ်မှုန်တို့သည်လည်း လေထုညစ်ညမ်းမှုကိုဖြစ်စေပြီး အက်စစ် ဖြစ်ထွန်းခြင်းများ ဖြစ်ပေါ်စေသည်။

    အက်စစ်ဖြစ်ထွန်းမှုကြောင့် သက်ရှိသတ္တဝါများနှင့် သက်မဲ့ရုပ်ဝတ္ထုများကိုထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် အက်စစ်ဖြစ်ထွန်းမှုများပြားလာပါက မှီတင်းနေထိုင်သော ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေသည်။ ငါးတို့သည် ငါးသားဥသား ဖောက်ခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ချေ။  ထို့ပြင်  ငါးတို့၏အစာဖြစ်သော ပိုးမွှားကောင်များ သေကျေပျက်စီးကြသဖြင့် အစာအာဟာရရှားပါးမှု ကြုံတွေ့ရသည်။ မြေဆီလွှာတိုက်စားမှုမှ ပါဝင် လာသော သတ္တုများကြောင့်   ငါးများ၏ပါးဟက်များ ပျက်စီးမှုများဖြစ်ပေါ်ကာ အသက်ရှူရန် အခက်အခဲဖြစ်ပြီး သေဆုံးကြရသည်။

    ပလတ်စတစ်၏ဆိုးကျိုးနှင့်ပတ်သက်၍ ပလတ်စတစ်သည် သဘာဝအလျောက် မပျက်စီး သည့်၊ ပြိုကွဲပျောက်ပျက်ရန် မလွယ်သည့်၊ ပတ်ဝန်းကျင်ကိုညစ်ညမ်းပြီး အန္တရာယ်ဖြစ်စေ သည့် ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှသာ ပြိုကွဲပျက်စီးနိုင်သည်။ ကုန်းမြေနှင့် ရေလမ်းကြောင်း၌  ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေမြောင်း များ၊ မြစ်ချောင်းများ၏ ရေလမ်းကြောင်းစီးဆင်းမှုများ ပိတ်ဆို့မှုဖြစ်ပွားပြီး ရေကြီးရေလျှံသည်အထိ ဖြစ်ပွားစေသည်။ ရေလမ်းကြောင်းအနီး၌  ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ် ခြင်းသည်  ရေချိုသယံဇာတများကို ညစ်ညမ်းစေသည်သာမကဘဲ ရေအရည်အသွေးကိုလည်း ကျ ဆင်းစေသည်။ ထို့ပြင် စွန့်ပစ်ပလတ်စတစ်များသည် မြစ်ချောင်းများမှ တစ်ဆင့် ပင်လယ် သမုဒ္ဒရာ အဏ္ဏဝါပတ်ဝန်းကျင်ကို ရောက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ သေးငယ်သည့် ပလတ် စတစ် အပိုင်းအစများ (မိုက်ခရိုပလတ်စတစ်)အဖြစ်  ပြောင်းလဲဖြစ်ပေါ်ကာ   အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေသည်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ဖျောက်ဖျက်ပစ်ရန် မီးရှို့ဖျက်ဆီးမည်ဆိုပါကလည်း ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် စသည့်ဓာတ်ငွေ့များထွက်ရှိလာပြီး လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့်အတွက် လူသားများ၏ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်နိုင်စေသည်။ ထို့ကြောင့် ပလတ်စတစ်သည် စတင်ထုတ်လုပ် သည့်အချိန်မှစ၍ အသုံးပြုပြီး စွန့်ပစ်သည့်အချိန်အထိ ၎င်း၏သက်တမ်း တစ်လျှောက်လုံး တွင်  သဘာဝပတ်ဝန်းကျင်လေထု၊ မြေထု၊ ရေထုကို ညစ်ညမ်းစေသည်သာမကဘဲ ကုန်းနေရေနေ သတ္တဝါများကိုပါ အန္တရာယ်များစွာ ကျရောက်စေသည်။ ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီသည် ယေဘုယျ အားဖြင့် တစ်နှစ်လျှင် ပျမ်းမျှပလတ်စတစ်အမှုန်ပေါင်း ၅၀၀၀၀ နှင့်အထက် ခန္ဓာကိုယ်အတွင်းကို အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလျက်ရှိကြောင်းကို ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်က ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရှိရသည်။

    မြစ်ချောင်းများသည် ပလတ်စတစ်အမှိုက်များကို ကုန်းတွင်းပိုင်းမှပင်လယ်ထဲကို သယ် ဆောင်ပြီး သမုဒ္ဒရာညစ်ညမ်းမှုကို  အဓိကဖြစ်စေသည်။ လက်ရှိသမုဒ္ဒရာများအတွင်း ပလတ်စတစ် တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းခန့်အထိ တွေ့နိုင်သည်ဟု လေ့လာချက်များအရသိရှိရ သည်။   ပလတ်စတစ်ထုတ်လုပ်မှု၊  သုံးစွဲမှုနှင့်စွန့်ပစ်မှုပုံစံများကိုမပြောင်းလဲပါက ရေနေဂေဟစနစ် အတွင်း ကို ပလတ်စတစ်အမှိုက် ဝင်ရောက်မှုပမာဏသည် တစ်နှစ်ကို တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိ ရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါး တိုးလာနိုင်ကြောင်း ကုလသမဂ္ဂပတ် ဝန်းကျင်အစီအစဉ်မှ ဖော်ပြထားသည်။

    မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဗန် ကောက် ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့ရာ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပြီး အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဒေသတွင်း (၂၀၂၁-၂၀၂၅) လုပ်ငန်းအစီအစဉ်၌ အခြားအာဆီယံ နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ 

    ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၅ နှင့် ပုဒ်မ ၃၉၀၊ ပုဒ်မခွဲ(ခ)တို့တွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏တာဝန်ရှိမှုကို သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

    မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းသည့် နိုင်ငံဖြစ်ကြာင်းကို  နိုင်ငံတော်အကြီးအကဲက၂၀၂၃ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် “မိမိတို့တစ်တွေသည် မူလကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများဖြစ်ကြ သည့် အားလျော်စွာ နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် မိမိတို့ တတ်နိုင်သည့် ကဏ္ဍမှ တာဝန်သိတတ်သည့်စိတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာ”နှင့်  “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)”တွင်  ရည်မှန်းချက် ပန်းတိုင် ၆ ခုကို အခြေခံချမှတ် ထားပြီး  ပလတ်စတစ် ညစ်ညမ်းမှုကို အဓိကဦးစားပေး ဖြေရှင်းရန် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ် ကွန်ဗင်းရှင်း”၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့်   ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တင်သွင်း၊ တင်ပို့ခြင်း ကိစ္စရပ်များအပေါ်  ကွန်ဗင်းရှင်းပါ  ကတိကဝတ်များနှင့်အညီ “ပတ်ဝန်းကျင်မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ(Environmentally Sound Management)”နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ် သောကြောင့်  တစ်ခါသုံးပလတ်စတစ် အစားထိုးသုံးပစ္စည်းများကို စနစ်တကျထုတ်လုပ်နိုင် သည့် အခြေခံများရှိပြီးဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ် တောများ စနစ်တကျပြုပြင် ထိန်းသိမ်းစိုက်ပျိုး ထုတ်လုပ်ခြင်းကို  ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာ ပြုလုပ်နိုင်ပါကြောင်း၊ ပလတ်စတစ်အစားထိုးစက္ကူမျိုးစုံထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည် ထိန်းသိမ်းခြင်းအနေဖြင့် မိမိတို့ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း”အမှာစကား ပြောကြားခဲ့သည်။

    ရာသီဥတုပြောင်းလဲမှုသည် အနာဂတ်လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတား စိန်ခေါ်မှုဖြစ်သည်။ အမျိုးမျိုးကြုံတွေ့လာ ရမည့်   သဘာဝဘေးအန္တရာယ်များ ကို  အရေးတကြီးဖြေရှင်းရန် လိုအပ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနှင့် အတူ  ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးသက်ရောက်မှုများကို တားဆီးလျှော့ချနိုင်ရန် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

    နိုင်ငံတစ်နိုင်ငံစည်ပင်သာယာရန်၊  လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန်အတွက် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်သည်လည်း  အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။  ထို့ကြောင့် နိုင်ငံတော်သာယာ ရန် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြကာ တစ်နိုင်ငံလုံး သာယာလှပသော ဂေဟစနစ် ဖြစ်လာစေရန် အတူတကွ ကြိုးစားဆောင်ရွက် သင့်ပါကြောင်းကို တိုက်တွန်း ရေးသားလိုက် ပါသည်။ 

Source: ကိုဘုန်း(ထုတ်လုပ်)                                                 

DOCA(ပြည်ထောင်စုနယ်မြေ)