
ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်၍ မိုးစပါးများ စတင်ရိတ်သိမ်းစပြုတော့မည့် ကာလတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတစ်ဝန်းတွင်လည်း မြေဩဇာကောင်းမွန်သော စိုက်ပျိုးမြေများ ကျယ်ဝန်းစွာ တည်ရှိပါသည်။
စပါး
စပါးကိုကြိတ်ခွဲခြင်းဖြင့် ဆန်ရရှိပါသည်။ ဆန်သည် မြန်မာလူမျိုးတို့ အဓိက စားသုံးသော အစားအစာတစ်ခု ဖြစ်သကဲ့သို့ တစ်ချို့မြန်မာမုန့်များ ပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး မြန်မာနိုင်ငံဟု ဆိုလိုက်လျှင်လည်း ဆန်စပါး ပေါကြွယ်ဝသော နိုင်ငံအဖြစ် ကမ္ဘာနိုင်ငံများထဲတွင် သက်ဝင်ထင်ရှားပါသည်။
စိုက်ပျိုးပုံ
စပါးသည် ရာသီနှစ်ရာသီအပြင် အချို့နေရာဒေသများတွင် ခုလပ်စပါးအဖြစ်လည်း စိုက် ပျိုးကြပါသည်။ နွေစပါးနှင့် မိုးစပါးဟူ၍ဖြစ်ပြီး စိုက်ပျိုးရပုံခြင်းလည်း တူပါသည်။ မြက်ခုတ် ပေါင်းသင်ထည်ထိုး၍ စပါးအစေ့ချ စိုက်ပျိုးနိုင်သကဲ့သို ပျိုးပင်ကလေးများ နှုတ်ကာ ကောက်စိုက် သမများဖြင့် အပင်မြေစိုက် စိုက်ပျိုးနိုင်ခြင်း ဖြစ်ပါသည်။ မိုးစပါးသည် မိုးရေကို မှီ၍ စိုက်ပျိုးနိုင်ပြီး နွေစပါးသည် လယ်ရေသွင်းနည်းဖြင့် ဆည်မြောင်းချောင်း အိုင်များကို အမှီပြုကာ စိုက်ပျိုးနိုင် ပါသည်။ ခုလပ်(ရေကျနောက်လိုက်)စပါးသည် မိုးအကုန် နွေရာသီအစပိုင်းတွင် စိုက်ပျိုး ဖြစ်ထွန်းပါသည်။
ရိတ်သိမ်းပုံနှင့်သိမ်းဆည်းပုံ
စပါးကိုရိတ်သိမ်းပုံ အမျိုးမျိုးဖြင့် ရိတ်သိမ်းကြပြီး နေရာဒေသအလျှောက် ရိတ်သိမ်းပုံ ကွဲပြားမှု များလည်းရှိပါသည်။ ယခင်ကာလများတွင် စပါးကိုရင့်မှည့်အောင်ထား၍ စပါးရိတ်သမ များနှင့် ရိတ်ကာ တလင်းထဲတွင် နွားများဖြင့် နယ်ပြီးရရှိလာသော အစေအဆံများကို လေတဖြူး ဖြူးတွင် ဂေါ်ထိုး၍ အပြောင်သန့်စင်ကာ အိတ်ခွံထဲထည့်၍ ဆန်စက်ပို့ခြင်း၊ စပါးကျီများတွင် သိမ်း ဆည်းကြပါသည်။ ယခုကာလများတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည့်နှင်အမျှ စက်ယန္တရား ကြီးများ ပေါများလာသည့်အတွက် ရိတ်ခြွေစက်များဖြင့် ရိတ်သိမ်းကြပါသည်။ ခြွေစက်မှ ကျလာ သောစပါးများကို နေပူပူထဲတွင် ဖြန့်လှန်းခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံကာ ဆန်စက်ပို့၍ လည်းကောင်း ၊ စပါးကျီထဲတွင်လည်ကောင်း ထားသိုသိမ်းဆည်းကြပါသည်။ ခြွေစက်ဖြင့် ရိတ်သိမ်း ခြွေလှေ့ခြင်းသည် အလေအလွင့် အနည်းငယ်ရှိသော်လည်း အချိန်ကုန်သက်သာ၍ အလုပ်သမား အင်အား အသုံးပြုရခြင်းနည်း၍ တောင်သူဦးကြီးများအတွက် အသုံးဝင်သော စက်ပစ္စည်းများလည်း ဖြစ်ပါသည်။ အောက်တိုဘာလမှစ၍ နိုဝင်ဘာလကုန်အထိ စပါးလှိုင်လှိုင်ပေါများပြီး စပါးစိုက် တောင်သူများ ငွေရွှင်သော ကာလတစ်ခုဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ကြသော စပါးပွဲစားများ၊ ရောင်းချသူများ၊ တောင်သူများဖြင့် လယ်ကွင်းထဲတွင် စည်ကားလျက် ရှိပါသည်။ ပွဲစားဟု ခေါ်ယူ သုံးနှုန်းခြင်းသည် လယ်ကွင်းထဲအရောက် တောင်သူများထံမှ လာရောက်ဝယ်ယူပြီး ဆန်စက်ကြီးနှင့် စပါးပွဲရုံများသို့ တင်ပို့ရောင်းချနေသူ ဖြစ်သောကြောင့် ဖြစ်ပါသည်။ တချို့တောင်သူဦးကြီးများသည့် ရိတ်ခြွေစက်မှ ကျလာသောစပါးကို လာရောက်ဝယ်ယူသော ပွဲစားထံသို့ တိုက်ရိုက် ရောင်းချသူများ လည်း ရှိပါသည်။ တချို့သည် နေပူလှန်း၍ အခြောက်ခံကာ ဆန်စက်ကြီးများသို့ ပို့ဆောင်ပြီး ဆန်ကြိတ်ခွဲ ရောင်းချသူများလည်း ရှိပါသည်။
ကျွန်ပ်တို့လိုအပ်သော စားနပ်ရိက္ခာဆန်စပါးကို ရာသီဉတုနှင့်ယှဉ်၍ ပင်ပန်းကြီးစွာ စိုက်ပျိုး ကြရသော တောင်သူဦးကြီးများအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ် ထုတ်ချေးလျက်ရှိပြီး တောင်သူ လယ်သမားများ အကျိုးအမြတ်ရရှိရေးနှင့် စားသုံးသူများ သင့်တင့်လျှောက်ပတ်သော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး နိုင်ငံတော်အစိုးရမှ ထိန်းကျောင်း ဆောင်ရွက်လျှက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အနီးတဝိုက်တွင် မိုးစပါး သစ် တင်း (၁၀၀)လျှင် ၁၂၀၀၀၀၀ကျပ် ရောင်းချနေရကြောင်း စပါးစိုက် တောင်သူဦးကြီး တစ်ဦး ထံမှ သိရှိရပါသည်။ စပါးဈေးသည် အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနေကြောင်းကိုလဲ စပါး ဝယ်ယူသူများ၊ ဆန်စက်ပိုင်ရှင်များ၊ စပါးပွဲစားများထံမှ သိရှိရပါသည်။
DOCA(ပဲခူး)
