
ပျားရည်ကို ရှေးနှစ်ပေါင်း ၂၅၀၀ ကျော်ကပင် လူသားတို့သုံးစွဲခဲ့ကြပြီး ဆေးဖက်ဝင် အသက်ရှည်ဆေးအဖြစ် သုံးစွဲခဲ့ကြသည်။ မြတ်စွာဘုရားလက်ထက်တော်ကပင် နာမကျန်းသူ၊ အသက်ဝါကြီးသူ ရဟန်းတော်များ အားဆေးအဖြစ် စတုမဓူ ဖော်စပ်သုံးစွဲခဲ့ကြသည်။
ထိုစတုမဓူတွင် ပျားရည်၊ သကာရည်၊ တင်လဲရည် နှင့် ထောပတ်တို့ပါဝင်သည်။ တချို့ကလည်း တင်လဲ ရည်အစား နှမ်းဆီထည့်ပြီး ဖော်စပ်သုံးစွဲခဲ့ကြသည်။
ပျားရည်သည် အနာကျက်စေနိုင်သောသတ္တိရှိသဖြင့် ဒဏ်ရာများကို ပျားရည်ထည့်ပြီး ပတ်တီးစည်းပေးပါက နောက်တစ်နေ့နံနက် ပတ်တီးဖြေလိုက်သောအခါ အနာကျက်နေ ကြောင်း တွေ့ရသည်။
ရှေးနှစ်ပေါင်း ၁၀၀ ကျော်က သက္ကတဘာသာဖြင့် ရေးသားခဲ့သော ဘေသဇ္ဇမဉ္ဇူသာဆေး ကျမ်းကြီးကို ဘင်္ဂလားဆရာတော်ကြီးက ဘာသာပြန်ဆိုခဲ့သည်။ ထိုဆေးကျမ်းတွင် ပျားရည်၏ အသုံးဝင်ပုံအမျိုးမျိုးပါရှိရာ ထူးခြားသောအသုံးပြုနည်း တစ်မျိုးမှာ ပိန်ဆေးအဖြစ် သုံးစွဲခြင်းဖြစ်သည်။
ပျားရည်ကို နံနက်အိပ်ရာထချိန်တွင် ရေအေးနှင့် ရောစပ်သောက်ခြင်းဖြင့် ပိန်သောခန္ဓာ ကိုယ်ဖြစ်စေ နိုင်သည်ဟုဆိုသည် ။ နှစ်လ၊ သုံးလ စွဲမြဲသောက်ရန် လိုသည်။ လူ ၁၀ ဦးကို ဤနည်း ဖြင့် စမ်းသပ်သောက်စေခဲ့ရာ ကိုလက်စထရော ထိုက်သင့်သလောက်ကျသည့် အပြင် အသားအရေ လည်း လှပစိုပြည်လာသည်။
လူတစ်ဦးသည် အဆီကျပိန်ချင်ဇောဖြင့် နံနက်အိပ်ရာထတိုင်း ပျားရည်သုံးဇွန်းကို ရေအေး နှင့်ရော၍ သောက်ခဲ့ရာ ရက်သတ္တပတ်ခန့်အကြာတွင် တစ်ကိုယ်လုံး မိတ်ကဲ့သို့ အပူဖုများ ထွက်လာ သဖြင့် ဆက်မသောက်ရဲဖြစ်ခဲ့ရသည်။ သတိပြုရန်မှာ တန်ဆေး၊ လွန်ဘေးဖြစ်သည်။
နည်းလမ်းအမှန်မှာ နံနက်အိပ်ရာထချိန် မျက်နှာသစ်၊ သွားတိုက်ပြီးသည်နှင့် ပျားရည်ဟင်း စားဇွန်း တစ်ဇွန်းခန့်ကို ရေတစ်ဖန်ခွက်တွင်ထည့်၍ ပျော်ဝင်အောင် ဇွန်းဖြင့်မွှေပြီး ကုန်အောင် သောက်ရန်ဖြစ်သည်။
ပျားရည်သည် အပူဓာတ်၊ ကြေညက်စေသော ဓာတ်ဖြစ်သဖြင့် များများမသောက်သင့်ပေ။ ခန္ဓာကိုယ် အဆီကျပိန်စေရန်အတွက် သဘာဝပျားရည်က ပို၍အာနိသင်ရှိသည်။ ပျားရည်အသစ် ဖြစ်လျှင် ပို၍အဆီကျစေနိုင်သည်။
ထို့ကြောင့် ပျားရည်သည် တန်ဖိုးကြီးပြီး ဘေးထွက်ဆိုးကျိုးရှိသော အနောက်တိုင်းဆေးများ နေရာ တွင် အစားထိုးသုံးစွဲခြင်းဖြင့် ငွေကုန်ကြေးကျမများစေဘဲ အဆီကျပိန်စေနိုင်ကြောင်း ရေးသား လိုက်ရပါသည်။
Source:ဒေါက်တာလပြည့်ခင်
DOCA(ပြည်ထောင်စုနယ်မြေ)