
မြန်မာနိုင်ငံတွင် သစ်တော်သီးများကို ရှမ်းပြည်နယ်ဒေသ၌သာအများဆုံးရရှိနိုင်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော လွိုင်လင်၊ လင်းခေး၊ ကျေးသီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖြစ်သော နမ့်စန်၊ ကုန်းကြမ်းတို့တွင် သာအဓိကစိုက်ပျိုးကြောင်းသိရှိရပါသည်။
အခွံမာပြီး အညိုရောင်ရှိကာ အတွင်းသားဖြူသော သစ်တော်သီးတို့ကို မြန်မာနိုင်ငံနှင့် အာရှဒေသတို့တွင် စိုက်ပျိုးကြပါသည်။ ချဉ်ဖန်ဖန်အရသာရှိကာ ရနံ့ပြင်းသော အသီးဖြစ်ပြီး အစိမ်းလိုက်စားခြင်း၊ ဖျော်ရည်၊ ဂျယ်လီ(ယို) စသည့်ပုံစံအမျိုးမျိုးတို့ဖြင့် ပြုလုပ်စားသုံး နိုင်ပါသည်။ သစ်တော်သီးတွင်ပါဝင်သော အမျှင်ဓါတ်သည် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းမှန်စေပါသည်။ ဗီတာမင် (C)ကြွယ်ဝကာ ခန္ဓာကိုယ်ခုခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသည်။ သစ်တော်သီးကို သင့်တင့် သောစားသုံးခြင်းက ခန္ဓာအတွက် ကျန်းမာစေသောဓါတ်စာ(ဆေးဝါး)ဖြစ်စေနိုင်ကြောင်းသိရှိရပါ သည်။
ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီး၊အောင်ပန်း၊လင်းခေးနှင့်လွိုင်လင်)နှင့် မန္တလေး၊ ရန်ကုန် တို့တွင် သစ်တော်သီးတို့ကို အများဆုံး ဖြန့်ဖြူးရောင်းချကြောင်းသိရှိ ရပါသည်။တရုတ်၊ထိုင်းနှင့် အိန္ဒိယသို့ တင်ပို့မှု အနည်းငယ်ရှိပါသည်။၁ပိဿာ(၁.၆ကီလိုဂရမ်)လျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိ (အရည်အသွေးနှင့် အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ပါသည်။) အဓိကထွက် ရှိသောလများမှာ ဩဂုတ်လမှ ဒီဇင်ဘာလ(မိုးရာသီနှင့် ဆောင်းဦးပိုင်း)တို့ဖြစ်ပါသည်။ အနီသစ်တော်မှာ အရသာချိုပြီးဈေးကောင်းရပါသည်။ အဖြူသစ်တော်မှာ အနည်းငယ်ချဉ်ကာ စားသုံးမှုများသည်။ ရှမ်းတောင်ဒေသမှ သစ်တော်သီးများသည် လတ်ဆတ်မှု၊ အရည်အသွေး တို့ကြောင့်ပြည်တွင်း ဈေးကွက်တွင် ပိုမိုရွေးချယ်ဝယ်ယူမှုများရှိပါသည်။ သစ်တော်သီးကို တရုတ် နိုင်ငံသို့တင်ပို့ရာတွင် အခြောက်လှမ်းထားသော အခြေအနေဖြင့် လည်းရောင်းချကြောင်း သိရှိရ ပါသည်။ယခုနှစ်တွင်မူ သစ်တော်သီးများမှာ ဥတုအခြေအနေအမျိုးမျိုးတို့ကြောင့် အထွက်နှုန်းနည်း လာပြီး အသီးတင်နှုန်းမှာ ယခင်နှစ်များထက် များစွာလျော့နည်းလာကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)