
မြန်မာ့ရိုးရာမုန့်ပဲသရေစာများအနက် ‘ကောက်လှိုင်းတီ’ ဟု လူသိများသည့် ‘ကောက်လန်း တီ’မုန့်သည် ၎င်း၏ ထူးခြားသော အရောင်အဆင်းနှင့် အနံ့အရသာ ကြောင့်သာမက အခါ ရာသီအလိုက်သာ ရှားတောင့်ရှားပါး ပြုလုပ်စားသုံးနိုင်ခြင်းကြောင့် ထင်ရှားသည့် ရိုးရာမုန့် တစ်မျိုး ဖြစ်သည်။
ယခုလို မုတ်သုံမိုးဖြိုင်ဖြိုင်ကျသည့် ဝါခေါင်လမျိုးတွင် လယ်ကန်သင်းရိုးများ၌ ဖူးပွင့်လေ့ ရှိသော ကောက်လန်းတီပန်းကလေးများကို ခူးဆွတ်၍ ပြုလုပ်ကြသည့် ကောက်လန်းတီမုန့်မှာအရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အရသာအားဖြင့်လည်းကောင်း တစ်မျိုး တစ် ဘာသာ ထူးခြားသည့် ဝိသေသသဘောကိုဆောင်သည် ဟုဆိုရမည်ဖြစ်သည်။ ကောက်လန်းတီ မုန့်ကို အနည်းနှင့် အများဆိုသလို မြည်းစမ်းကြည့်ကြဖူးမည်ဖြစ်သော်လည်း ကောက်လန်းတီ ပင် နှင့် ကောက်လန်းတီပန်းကိုမူ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးတွေ့ဖူးသူနည်းပါးနိုင်ပါသည်။
ရိုးတံရှည်နှင့် ခရမ်းပြာရောင် ကောက်လန်းတီပန်းကလေးများသည် မိုးဦးကျကာလများတွင် မပွင့်တတ်။ မိုးကြီးမိုးကောင်းသည့် မိုးလယ်ကာလ ဝါခေါင်လခန့်မှသာ ပွင့်တတ်ကြပြီး တစ်ဖန် မိုးသားပြန်လည်နည်းပါးသွားသည့် တော်သလင်းလထိလည်း မခံတတ်ကြပြန်ချေ။ ကောက်လန်းတီပင်များသည် လယ်ကန်သင်းရိုးများ၌ ပေါက်ရောက်သည်ဟု အများသိရှိကြ သော်လည်း ရွာပြင်တောစပ်ခြံစပ်များ၊ သစ်ဆွေးမြေဆွေးများရှိရာနှင့် စမ်းပေါက်များနံဘေး တွင်လည်း အနှံ့အပြား ပေါက်ရောက်တတ်ကြောင်း တွေ့ရသည်။
ကောက်လှိုင်းတီမုန့်လုပ်ဖို့ ကောက်လှိုင်းတီပွင့်ကို အရင်စုဆောင်းရပါတယ်။ ကောက်လှိုင်းတီပင် ဟာ တခြားအပင်ပေါ်ကပ်ပေါက်တဲ့ ကပ်ပါးပင်ဖြစ်ပါတယ်။ အပင်ပုလေးတွေဖြစ်ပြီး အရွက် မရှိပါဘူး။ အပင်လေးတွေဟာမြေကြီးထဲကထိုးထောင်ထွက်နေပြီး အပွင့်က အပင်ရဲ့ထိပ်က ပွင့်ပါ တယ်။ တစ်ပင်လုံးခရမ်းရောင်ရှိပြီး အပွင့်က ခရမ်းရောင်သစ်ခွကဲ့သို့ပုံစံရှိပါတယ်။ ဝါဆို၊ ဝါခေါင်မှ ပေါ်သော ကောက်လှိုင်းတီမုန့်ကို ရာသီစာအဖြစ် နှစ်သက်သူများက အမြတ်တနိုးစားကြပါသည်။
(DOCA ဧရာဝတီ)