
သီးပင်၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ဖြစ်ပြီး ထိုဒေသမှတစ်ဆင့် အရှေ့ တော်အာရှနိုင်ငံများသို့ပြန့်နှံ့လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မိုးနည်းဒေသဖြစ်သောမြေပြန့်ဒေသ များတွင် အသီးစားပင်များအနေဖြင့် စိုက်ပျိုးကြပါသည်။ သီးပင်သည် သနပ်ခါးပင်နှင့်ဆင်တူသော် လည်း အပင်အရွယ်အစားပိုကြီးပြီး စိမ်းလန်းစိုပြေပါသည်။ ပင်စည်သည် ဖြောင့်မတ်ပြီး လုံးပတ်မှာ ၂ ပေမှ ၄ ပေအထိရှိတတ်ပြီး အမြင့်အားဖြင့် ပေ၃၀ မှ ပေ၄၀ အထိမြင့်ပါသည်။ အပင်၏ကိုင်းများ တွင် ဆူးများပါတတ်ပြီး အရွက်အနေအထားသည် ရွက်လက်တစ်ခုမှာ ဆိုင်၍ထွက်ကြသောရွက်လွှာ ၁စုံမှ ၄ စုံအထိပါရှိတတ်ကြသည်။ အသီးသည် အဝိုင်းပုံစံရှိပြီး အကျယ်အားဖြင့် ၂ လက်မ မှ ၅ လက်မ အထိရှိပါသည်။ အသီးမှည့်ချိန်တွင်အနံ့မွှေးပြီး အတွင်းသားမှာညိုမည်းလာပါသည်။ သီးပင်၏အသီးကိုအရွယ်အစားကြီး၍ ချိုသောမျိုးနှင့် အရွယ်အစားသေး၍ ချဉ်သောအမျိုးဟူ၍ ၂ မျိုးခွဲခြားနိုင်ပါသည်။ သီးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁၅၀၀ ကျော်ရှိသည့် ဒေသများတွင်ပေါက်ရောက်ဖြစ်ထွန်းပါသည်။ သီးပင်သည် ရာသီဉတုနှင့် မြေအမျိုးအစားကို ရွေးသောအပင်မဟုတ်သည့်အတွက် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ ကိုင်းဖြတ်စိုက်ခြင်းဖြင့်လည်း ပေါက်ရောက်ရှင်သန်နိုင်သောအပင်ဖြစ်ကြောင်း စာပေများမှလေ့လာ သိရှိရပါသည်။
DOCA(မန္တလေး)