
ကွမ်းယာဆိုသည်မှာ ပီကေကဲ့သို့ပင် အရသာမရှိ၊ အာဟာရမရှိသော်လည်း အပျင်းပြေဝါးရန် သင့်လျော်သော အစားအစာတစ်မျိုးဖြစ်သည်။ မြန်မာတို့သည်ရှေးယခင်ကပင် ကွမ်းယာနှင့်ပတ် သက်သော စားစရာများကို ကွမ်းအစ်ဖြင့်ထည့်၍ ကိုယ်တိုင်စားသုံးလေ့ရှိသည့်အပြင် ဧည့်သည်များ ကိုလည်း တည်ခင်းဧည့်ခံလေ့ရှိသည်။ ကွမ်းယာတွင် အဓိကအားဖြင့် ကွမ်းရွက်၊ ကွမ်းသီးနှင့် ထုံးအပြင် ကွမ်းစားဆေး၊ အခြားအဆာပလာများနှင့်ရောယှက်၍လည်း စားသုံးလေ့ရှိကြသည်။ ကွမ်းယာစားသည့်ဓလေ့သည် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက် နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင်လည်းတွေ့ရသည်။ မြန်မာလူမျိုးတို့သည် ကွမ်းစားဆေးအဖြစ် ကွမ်းယာထဲတွင် မြန်မာဆေးရွက်ကြီးကိုထည့်၍စားသုံးလေ့ရှိကြရာ ဆေးရွက် ကြီးတွင် အညိုနှင့်အမည်းဟူ၍နှစ်မျိုးရှိပြီး အညိုမှာအနည်းငယ်ပျော့၍ အရသာမှာပိုချိုသည်။ ဆေးအမည်းမှာ အရသာပိုပြင်း၍ ပို၍လည်းခါးသည်။ ဆေးအညိုနှင့် ဆေးအမည်းတို့အပြင် ဆေးရွက်ကြီးကို ပျားရည်၊ အရက်တို့နှင့်ရောစပ်၍ ဆေးပေါင်းဟုခေါ်ဝေါ်သော ဆေးတစ်မျိုးကို လည်း စားသုံးလေ့ရှိကြသည်။ မြန်မာပြည်တွင် ကွမ်းယာစားသုံးသူများမှာ အိန္ဒိယမှတင်သွင်း လာ သော ဆေးမွှေးများကိုလည်း စားသုံးလေ့ရှိကြပြီး စင်ကနယ်၊ ဟန်ဒရက်၊ မြေပုံ၊ ဆာဂါး၊ ဘာဘာနှင့် နိုင်တီတူးတို့ဖြစ်ကြသည်။ ထုံးစပ်ခြင်းသည်လည်းကွမ်းယာတွင် အရေးကြီးသည့်အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ထုံးကောင်းပါက ကွမ်းယာသည်စားကောင်းပြီး ထုံးစပ်ညံ့ပါကကွမ်းယာမှာ စား၍ မကောင်းပါ။ အချို့သောသူများသည် ကွမ်းယာထဲတွင် ထုံးအပြင်ရှားစေးတစ်ထပ်ကိုလည်း သုတ်လိမ်းလေ့ရှိကြသည်။ ကွမ်းယာထဲတွင်ထည့်ရန် ကွမ်းသီးကို ကွမ်းပင်မှရရှိပြီးအခွံခွာကာ ကွမ်းညှပ်ဖြင့်ညှပ်၍ ရေစိမ်ခြင်းဖြင့် ကွမ်းယာထဲတွင်ထည့်၍ စားသုံးနိုင်ရန် ပြင်ဆင်လေ့ရှိကြသည်။ ကွမ်းရွက်သည်ကွမ်းပင်မှအရွက်ဖြစ်ပြီး မြန်မာပြည်မှကွမ်းရွက်သည် စားသုံးရန်သင့်လျော်ပြီး မလေး ရှားနိုင်ငံမှထွက်သောကွမ်းရွက်မှာ အရသာအနည်းငယ်ပို၍ညံ့သည်။ ကွမ်းယာထဲတွင်ထည့်၍ စားသုံးလေ့ရှိသော အခြားဟင်းခတ်အမွှေးအကြိုင်များမှာ စမုန်စပါး၊ ဖာလာ၊ လေးညှင်းပွင့်၊ ဂုန်ခါး၊ အုန်းသီးကြော်၊ မြေပဲဆံ၊ နွယ်ချိုနှင့် သုံပုရာသီးစိတ်တို့ဖြစ်ကြသည်။ ကွမ်းစားခြင်းဖြင့်သွားများကို ညစ်ထေးပေကျံစေနိုင်သည့်အပြင် သွားများအတွင်းကျောက်ဖြစ်နိုင်ပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆီးအိမ်အနေဖြင့် ဆီးအိမ်တွင် ကျောက်တည်ခြင်း၊ ပါးစောင်ကင်ဆာစသည့်ရောဂါများဖြစ်ပွား နိုင်သည်။
DOCA(မန္တလေး)