
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချကာ ယခုလို နွေရာသီတွင် သံပုရာသီး အနည်းငယ်ရှားပါးသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရ သည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော သံပုရာသီး အလုံးအကြီး /အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၀၀/၂၅၀) ကျပ်နှင့် သံပုရာသီး အသေးတစ်လုံးလျှင်(၁၅၀/၁၀၀)ကျပ်ဈေးနှုန်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှ မြို့၊ ပိတောက်မြိုင်ဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
Doca(စစ်ကိုင်း)